ယေဇကျေလ 16:58 - မြန်မာ့စံမီသမ္မာကျမ်း သင်ပြုခဲ့သော ညစ်ညမ်းမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် သင်ပြန်ခံရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ Common Language Bible သင်သည်မိမိပြုခဲ့သည့်ညစ်ညမ်းစက်ဆုပ် ရွံရှာဖွယ်ကောင်းသည့်အမှုများ၏အကျိုး ဆက်ကိုခံရမည်'' ဟုမိန့်တော်မူ၏။ ဤကား ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။ Garrad Bible သင် သည် ကိုယ့် ကာ မ ဂုဏ် ဝန် နှင့် ရွံ ရှာ ဖွယ် မှု ဝန် ကို ထမ်း ဆောင် ရ လ တ္တံ့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Judson Bible ယခုမူကား၊ သင်သည် ကိုယ်ဆိုးညစ်သောအမှုနှင့် စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့၏အပြစ်ကို ခံရမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
အကျွန်ုပ်တို့ဘိုးဘေးတို့သည် အပြစ်ပြုပြီး သေဆုံးသွားကြပြီ။ သူတို့၏အပြစ်ဝန်ကို အကျွန်ုပ်တို့ ထမ်းရကြပါပြီ။
ဘုရားရှင်ထာဝရဘုရားက ‘သင်၏ငယ်ဘဝကို မေ့ထားပြီး ညစ်ညမ်းသောအမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ပြုခြင်းဖြင့် ငါ့ကိုဒေါသထွက်စေသောကြောင့် သင်ပြုခဲ့သမျှတို့ကို သင့်ခေါင်းပေါ် ပြန်ရောက်စေမည်။ ထိုအမှုအပေါင်းတို့ကို သင်မပြုတော့နှင့်။
ဘုရားရှင်ထာဝရဘုရားက ‘သင်ထားခဲ့သောကတိသစ္စာကို သင်မထီလေးစားလုပ်၍ ပဋိညာဉ်ကို ချိုးဖောက်သောကြောင့် သင်၏လုပ်ရပ်နှင့်အညီ သင့်ကိုဒဏ်ခတ်မည်’ဟု မိန့်တော်မူ၏။
သူတို့သည် သင်ပြုခဲ့သောညစ်ညမ်းမှုအပြစ်ကို ပြန်ခံစေမည်။ ရုပ်တုနောက်လိုက်သည့်အပြစ်တို့ကို သင်ပြန်ခံရမည်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။