သို့သော် သူတို့သည် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို အလျင်အမြန်မေ့လျော့ကြ၏။ ကိုယ်တော်၏အကြံဉာဏ်ကိုလည်း မစောင့်မျှော်ဘဲ
ယေဇကျေလ 16:43 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘သင်၏ငယ်ဘဝကို မေ့ထားပြီး ညစ်ညမ်းသောအမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ပြုခြင်းဖြင့် ငါ့ကိုဒေါသထွက်စေသောကြောင့် သင်ပြုခဲ့သမျှတို့ကို သင့်ခေါင်းပေါ် ပြန်ရောက်စေမည်။ ထိုအမှုအပေါင်းတို့ကို သင်မပြုတော့နှင့်။ Common Language Bible ငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။ Garrad Bible ငယ် ရွယ် စဉ် ကာ လ ကို သင် သ တိ လစ် လျက်၊ ထို အ နည်း နည်း အား ဖြင့် စိတ် တော် ကို ဆွ လေ့ ရှိ သော ကြောင့်၊ အ လေ့ အ လာ ကို ငါ ဆပ် ပေး သ ဖြင့်၊ ရွံ ရှာ ဖွယ် အ မှု များ တွင် ကာ မ ဂုဏ် ကို သင် ပြု တော့ မည် မ ဟုတ် ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Judson Bible သင်သည် အသက်ငယ်သောကာလကို မအောက်မေ့၊ အရာရာ၌ ငါ့စိတ်ကို နှောင့်ယှက်သောကြောင့်၊ သင့်အပြစ်ကို သင့်ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။ စက်ဆုပ်ရွံရှာဖွယ်သော အမှုရှိသမျှတို့အပေါ်မှာ ဆိုးညစ်သောအကြံကို ထပ်၍ ထိုအကြံအတိုင်းမပြုရ။ |
သို့သော် သူတို့သည် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို အလျင်အမြန်မေ့လျော့ကြ၏။ ကိုယ်တော်၏အကြံဉာဏ်ကိုလည်း မစောင့်မျှော်ဘဲ
သူတို့သည် တောကန္တာရ၌ ဘယ်နှကြိမ်ဘယ်နှခါမျှ ကိုယ်တော်ကိုပုန်ကန်ကြပြီး ကန္တာရမြေ၌ ကိုယ်တော်ကိုစိတ်ထိခိုက်စေခဲ့ကြသနည်း။
သူတို့သည် ကိုယ်တော်၏ တန်ခိုးတော်ကိုလည်းကောင်း၊ သူတို့ကိုရန်သူ၏လက်မှ ရွေးနုတ်ကယ်တင်တော်မူရာနေ့ရက်တည်းဟူသော
ငါသည် အနှစ်လေးဆယ်အတွင်း ထိုမျိုးဆက်ကိုစက်ဆုပ်၍ “သူတို့သည် စိတ်သဘောမှားယွင်းသောလူမျိုးဖြစ်ကြ၏။ ငါ၏လမ်းတို့ကိုလည်း မသိကြ”ဟု ဆို၏။
သို့သော် သူတို့သည်ပုန်ကန်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေခဲ့သောကြောင့် ကိုယ်တော်သည် သူတို့၏ရန်သူဖြစ်သွား၍ သူတို့ကိုတိုက်ခိုက်တော်မူ၏။
အပျိုကညာသည် မိမိအဆင်တန်ဆာကိုလည်းကောင်း၊ သတို့သမီးသည် မိမိမင်္ဂလာဆောင်ဝတ်စုံကိုလည်းကောင်း မေ့လျော့နိုင်မည်လော။ သို့သော် ငါ၏လူတို့သည် ကာလကြာမြင့်စွာ ငါ့ကိုမေ့လျော့ကြပြီ။
သို့သော် စက်ဆုပ်ရွံရှာဖွယ်ရာများနောက်သို့လိုက်လိုသော စိတ်ဆန္ဒပြင်းပြသောသူတို့ကိုမူ သူတို့ပြုကျင့်သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ပြန်ရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။
သင်သည် အလုံးစုံသောစက်ဆုပ်ရွံရှာဖွယ်ပြည့်တန်ဆာအမှုကိုပြုစဉ် ငယ်စဉ်ဘဝက အဝတ်မပါအချည်းစည်းဖြစ်ခဲ့၍ သွေးထဲတွင်လူးနေခဲ့ရသည်ကို သင်မအောက်မေ့ပါတကား။
သင်ပြုခဲ့သော ညစ်ညမ်းမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် သင်ပြန်ခံရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ငါနှင့်ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြု၍ ငါနှင့်ဖွဲ့သောပဋိညာဉ်ကိုချိုးဖောက်သောအပြစ်အတွက် အမှန်ပင် သူ့ခေါင်းပေါ်သို့ရောက်စေမည်။
ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။
ထိုသို့ ဖမ်းသွားခြင်းခံရ၍ လူမျိုးခြားတို့အလယ်ရောက်ရှိနေသော ကြွင်းကျန်သူတို့သည် စိတ်နှလုံးဖောက်ပြန်၍ ငါ့ထံမှလမ်းလွဲသွားသောကြောင့်၊ မျက်စိဖောက်ပြန်၍ ရုပ်တုများနောက်သို့ လိုက်သွားခဲ့သောကြောင့် ငါမည်မျှရင်ကျိုးခဲ့ရသည်ကို သူတို့သိနားလည်လာကြလိမ့်မည်။ သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုများကြောင့် သူတို့ကိုယ်သူတို့ စက်ဆုပ်ရွံရှာကြလိမ့်မည်။
ထို့ကြောင့် ငါသည် သူတို့ကို သနားညှာတာမည်မဟုတ်။ သူတို့ပြုမူကျင့်ကြံခဲ့သည်တို့ကို သူတို့ခေါင်းပေါ်ပြန်ရောက်စေမည်”ဟု မိန့်တော်မူ၏။
ပညတ္တိကျမ်းတွင် မောရှေရေးထားသည့် ဘေးဆိုးအလုံးစုံတို့သည် အကျွန်ုပ်တို့အပေါ် သင့်ရောက်ပါ၏။ ထိုသို့ဖြစ်သည့်တိုင် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို မရှာ၊ အပြစ်လမ်းမှ ပြန်မလှည့်၊ သမ္မာတရားကို အလေးမထားခဲ့ကြပါ။
ထာဝရဘုရားသည် စောင့်ကြည့်လျက် အကျွန်ုပ်တို့ကို ဘေးဆိုးသင့်စေပြီ။ စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုအလုံးစုံတို့သည် ဖြောင့်မှန်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏စကားတော်ကို နားမထောင်ဘဲ နေမိခဲ့ကြပါ၏။
ကြည့်ရှုလော့။ လှည်းသည် ကောက်လှိုင်းအပြည့်နှင့် အဖိခံရသကဲ့သို့ သင်တို့ကို ငါဖိချမည်။
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။ သင်တို့သည် ရွေးနုတ်ခြင်းနေ့ရက်အတွက် ထိုဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။
သူတို့သည် ဘုရားမဟုတ်သောအရာများဖြင့် ငါ့ကို သဝန်တိုစေကြပြီ။ အချည်းနှီးသောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြပြီ။ သို့ဖြစ်၍ ငါသည် မပြောပလောက်သောလူမျိုးဖြင့် သူတို့ကို သဝန်တိုစေမည်။ မိုက်မဲသောလူမျိုးဖြင့် သူတို့ကို အမျက်ထွက်စေမည်။