သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
ယေဇကျေလ 16:29 - မြန်မာ့စံမီသမ္မာကျမ်း ထိုမျှမက ခါလဒဲပြည်သား ကုန်သည်တို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုမျှနှင့်လည်း သင်သည် အားရကျေနပ်မှုမရှိ။ Common Language Bible သို့ဖြစ်၍သင်သည်ကုန်သည်နိုင်ငံဖြစ်သည့် ဗာဗုလုန်ပြည်မှအမျိုးသားတို့နှင့်လည်း မှားယွင်းပြန်၏။ သို့ရာတွင်သင်၏အလို မပြည့်နိုင်သေး'' ဟုမိန့်တော်မူ၏။ Garrad Bible ရောင်း ဝယ် ဖောက် ကား သော ခါ လ ဒဲ ပြည် တိုင် အောင်၊ မြောက် မြား စွာ မှား ယွင်း သော် လည်း၊ အ လို မ ပြည့် သေး ချေ။ Judson Bible ထိုမှတစ်ပါး၊ ခါနာန်ပြည်မှသည် ခါလဒဲပြည်တိုင်အောင်၊ မတရားသောမေထုန်အမှုတို့ကို များပြားစေသော်လည်း စိတ်မပြေနိုင်။ |
သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
သို့သော်လည်း သူတို့မနာခံကြ။ မနာရှေမင်းကြီးသည် သူတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် အစ္စရေးလူမျိုးတို့ကို မကောင်းမှုပြုစေခဲ့၏။
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်သည် မရောင့်ရဲနိုင်ဘဲ အဆီးရီးယားပြည်သားတို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုသို့ သူတို့နှင့်ဖောက်ပြန်မှားယွင်းသည့်တိုင် သင်သည် အားရကျေနပ်ခြင်းမရှိ။
အရှက်မရှိ ဖောက်ပြန်မှားယွင်းမှုရှိသမျှကို ပြုရလောက်အောင် သင့်စိတ်ထားယုတ်ညံ့လှချေတကား’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။