သူတို့က “ငါတို့တွေ့ဖို့ ကိုယ်တော်သည် မိမိအမှုကို အလျင်အမြန်ပြုပါစေ။ အလျင်အမြန်ပြုပါစေ။ ငါတို့သိဖို့ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏အကြံဉာဏ်သည် နီးလာပါစေ။ ရောက်လာပါစေ”ဟု ဆိုတတ်ကြ၏။
ယေဇကျေလ 12:22 - မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ အစ္စရေးပြည်နှင့်ပတ်သက်၍ ‘နေ့ရက်တို့သာ ကုန်ဆုံးသွားပြီ။ ဗျာဒိတ်နိမိတ်တို့သည် တစ်ခုမျှ ဖြစ်မလာပါတကား’ဟူသော ဆိုရိုးစကားကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။ Common Language Bible ကိုယ်တော်က``အချင်းလူသား၊ အဘယ်ကြောင့် ဣသရေလအမျိုးသားတို့သည်`အချိန်သာ ကုန်လွန်၍ဗျာဒိတ်ရူပါရုံများကားအ ကောင်အထည်မပေါ်လာ' ဟူသောစကားပုံ ကိုအဖန်တလဲလဲသုံးစွဲနေကြသနည်း။- Garrad Bible အ ချင်း လူ့ သား၊ နေ့ ရက် ကာ လ ရှည် လျား၍၊ ရူ ပါ ရုံ ဟူ သ မျှ ပျက် ယွင်း ပြီ ဟု၊ ဣ သ ရေ လ ပြည်၌ ဆို ရိုး ကား၊ အ သို့ နည်း။ Judson Bible အချင်းလူသား၊ နေ့ရက်ကာလ ရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလပြည်၌ သုံးတတ်သော စကားပုံကား အဘယ်သို့နည်း။ |
သူတို့က “ငါတို့တွေ့ဖို့ ကိုယ်တော်သည် မိမိအမှုကို အလျင်အမြန်ပြုပါစေ။ အလျင်အမြန်ပြုပါစေ။ ငါတို့သိဖို့ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏အကြံဉာဏ်သည် နီးလာပါစေ။ ရောက်လာပါစေ”ဟု ဆိုတတ်ကြ၏။
သူတို့က ‘အိမ်ဆောက်ရမည့် အချိန်မရောက်သေးပါ။ ဤမြို့ကား ဟင်းအိုး၊ ငါတို့ကား အသားဖြစ်၏’ဟု ပြောတတ်ကြ၏။
“အချင်းလူသား၊ ကြည့်ရှုလော့။ အစ္စရေးအမျိုးအနွယ်က ‘သူမြင်ရသောဗျာဒိတ်နိမိတ် ပြည့်စုံမည့်အချိန် ဝေးသေး၏။ အလွန်ဝေးသောအနာဂတ်အကြောင်းကို သူဟောပြော၏’ဟု ဆိုတတ်ကြ၏။
ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရောက်လာမည်။ သတင်းစကား တစ်ခုပြီးတစ်ခု ကြားရမည်။ ပရောဖက်တို့ထံမှ ဗျာဒိတ်နိမိတ်ကို မေးမြန်းသော်လည်း ရမည်မဟုတ်။ ယဇ်ပုရောဟိတ်တို့ထံမှ တရားတော်၊ သက်ကြီးဝါကြီးတို့ထံမှ အကြံဉာဏ်တို့သည်လည်း ပျောက်ဆုံးလိမ့်မည်။
သင်တို့သည် ဒုက္ခနေ့ရက်ကို အရေးမစိုက်။ အကြမ်းဖက်မှုကို နေရာပေးဖိတ်ခေါ်သူများဖြစ်ကြ၏။
“လူမျိုးတကာတို့ကို ကြည့်ရှု၍ ဆင်ခြင်ကြလော့။ အံ့အားသင့်လျက်နေလော့။ အကြောင်းမူကား သင်တို့ကြား၍ မယုံနိုင်သောအမှုကို သင်တို့လက်ထက်တွင် ငါဖြစ်ပျက်စေမည်။