ငါသည် စားသောက်ရမည့်အစား ငိုကြွေးနေရပါ၏။ ရေစီးဆင်းသကဲ့သို့ ညည်းတွားနေရပါ၏။
ယေဇကျေလ 12:18 - မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ အစာကို ကြောက်ရွံ့တုန်လှုပ်စိတ်နှင့် စားလော့။ ရေကို စိုးရိမ်ထိတ်လန့်စိတ်နှင့် သောက်လော့။ Common Language Bible ကိုယ်တော်က``အချင်းလူသား၊ သင်သည် တုန်လှုပ်လျက်အစားအစာကိုစားလော့။ ကြောက်လန့်တုန်လှုပ်လျက်ရေကိုသောက် လော့။- Garrad Bible အ ချင်း လူ့ သား၊ သင့် အ စာ ကို တုန် လှုပ် လျက်၊ ရေ ကို ကြောင့် ကြ ကြောက် လန့် လျက် စား သောက်၍၊ Judson Bible အချင်းလူသား၊ တုန်လှုပ်လျက် အစာကိုစားလော့။ တုန်လှုပ်လျက်၊ သတိပြုလျက် ရေကိုသောက်လော့။ |
ငါသည် စားသောက်ရမည့်အစား ငိုကြွေးနေရပါ၏။ ရေစီးဆင်းသကဲ့သို့ ညည်းတွားနေရပါ၏။
ကိုယ်တော်သည် သူတို့အား မျက်ရည်မုန့်ကိုကျွေးတော်မူ၏။ များစွာသောမျက်ရည်တို့ကိုလည်း တိုက်တော်မူ၏။
တောကန္တာရထဲ၌ရှိသော ဓားဘေးကြောင့် အကျွန်ုပ်တို့သည် အသက်ကိုရင်းပြီးမှ အစာကို ရပါ၏။
‘သင့်အစ်မရှမာရိသောက်သော ထိတ်လန့်စရာခွက်၊ အထီးကျန်စေသောခွက်ကို သင်သည် သောက်ပြီး မူးယစ်ကြေကွဲရလိမ့်မည်။
ထိုမုန့်ကို တစ်နေ့လျှင် အချိန်နှစ်ဆယ်ရှယ်ကယ် ချိန်၍ စားရမည်။ သတ်မှတ်ထားသောအချိန်တွင် စားရမည်။
ငါဒံယေလတစ်ဦးတည်းသာ နိမိတ်အာရုံကို မြင်ရ၏။ ငါနှင့်အတူရှိသောသူတို့မူကား နိမိတ်အာရုံကို မမြင်ရသော်လည်း အလွန်ကြောက်ရွံ့တုန်လှုပ်ကြပြီး ထွက်ပြေးပုန်းအောင်းကြ၏။
အသက်အတွက် အမှီသဟဲဖြစ်သော အစားအစာကို သင်တို့ထံမှ ငါဖြတ်တောက်လိုက်သောအခါ မိန်းမဆယ်ယောက်တို့သည် မီးဖိုတစ်ခုတည်း၌ သင်တို့စားဖို့မုန့်ကို ဖုတ်၍ ထိုမုန့်ကို အချိန်အဆဖြင့်သာ သင်တို့ကို ပြန်ဝေပေးလိမ့်မည်။ သင်တို့သည်လည်း ဝလင်စွာ စားရကြလိမ့်မည်မဟုတ်။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။
ဆာလောင်မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း၊ အရာရာချို့တဲ့ခြင်းတို့ဖြင့် ထာဝရဘုရားစေလွှတ်တော်မူသော သင်၏ရန်သူကို သင်အစေခံရလိမ့်မည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း သံထမ်းပိုးကို သင်၏လည်ပင်းပေါ် တင်ထားတော်မူမည်။
သင်သည် ထိုလူမျိုးတို့အလယ်တွင် သက်သာရာမရ၊ နားစရာနေရာ ခြေတစ်ဖဝါးစာမျှ မရှိ။ ထိုအရပ်၌ ထာဝရဘုရားသည် သင့်ကို စိတ်နှလုံးကြောင့်ကြခြင်း၊ မျက်စိအားလျော့ခြင်း၊ စိတ်ပျက်ဝမ်းနည်းခြင်း ဖြစ်စေတော်မူမည်။