ထာဝရဘုရား၏ဘုန်းတော်သည် မြို့ထဲမှတက်လာ၍ မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် ရပ်တော်မူ၏။
ထိုနောက်တောက်ပသောဘုန်းတော်ရောင်ခြည် သည်မြို့မှထွက်ခွာ၍ အရှေ့ဘက်တွင်ရှိ သောတောင်ရိုးသို့ရွေ့လျားသွားတော်မူ၏။-
ထာ ဝ ရ ဘု ရား၏ ဘုန်း တော် လည်း၊ မြို့ တော် တွင်း မှ တက် ပြီး လျှင်၊ အ ရှေ့ ဘက် တောင် ပေါ် မှာ ရပ် ဆိုင်း လေ ၏။
ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲကတက်၍၊ မြို့အရှေ့မှာရှိသော တောင်ပေါ်၌ ရပ်တော်မူ၏။
ထိုအလင်းသည် မိုးရွာသောနေ့၌ မိုးတိမ်တွင်ထွက်ပေါ်လာသော သက်တံ၏အရောင်ကဲ့သို့ ပတ်ပတ်လည်တွင် ရောင်ခြည်ဖြာထွက်နေ၏။ ထာဝရဘုရား၏ဘုန်းအသရေ ထွန်းလင်းသကဲ့သို့ဖြစ်၏။ ထိုအရာကိုမြင်၍ ငါပျပ်ဝပ်လျက်နေစဉ် တစ်စုံတစ်ယောက်စကားပြောသောအသံကို ငါကြားရ၏။
တစ်ဖန် ထာဝရဘုရား၏ဘုန်းအသရေတော်သည် အိမ်တော်တံခါးခုံမှခွာသွား၍ ခေရုဗိမ်အထက်၌ တည်နေ၏။
ထာဝရဘုရား၏ဘုန်းတော်သည် ခေရုဗိမ်အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့သွားလျှင် အိမ်တော်တစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။ ဝင်းတစ်ခုလုံးသည်လည်း ထာဝရဘုရား၏ဘုန်းတော်ရောင်ခြည်နှင့် ထွန်းတောက်လေ၏။
ထိုနေရာတွင် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်ဘုန်းတော်သည် အရှေ့ဘက်မှထွက်ပေါ်လာ၍ အသံတော်သည်လည်း ရေထုကြီးဟုန်းသံကဲ့သို့ဖြစ်၏။ ကိုယ်တော်၏ဘုန်းတော်သည် မြေတစ်ပြင်လုံးသို့ ထွန်းလင်းလေ၏။
ထာဝရဘုရား၏ဘုန်းတော်သည် အရှေ့ဘက်သို့မျက်နှာမူသော မုခ်ဆောင်တံခါးကိုဖြတ်၍ အိမ်တော်ထဲသို့ဝင်တော်မူ၏။
လွင်ပြင်၌ ငါမြင်ရသော ဗျာဒိတ်အာရုံကဲ့သို့ပင် ထိုနေရာ၌ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းအသရေတော်ကို မြင်ရ၏။
တစ်ဖန် “အချင်းလူသား၊ ငါ၏သန့်ရှင်းရာဌာနကို ငါစွန့်ပစ်အောင် အစ္စရေးအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုကြီးကို သင်မြင်ပြီလော။ ထို့ပြင် ထို့ထက်သာ၍ စက်ဆုပ်ရွံရှာဖွယ်များ ပြုနေသည်ကို သင်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့၏ဘုရားသခင်ဘုန်းတော်သည် စံတော်မူရာခေရုဗိမ်အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့လာပြီး ပိတ်ချောထည်ဝတ်ထား၍ ခါး၌မင်အိုးဆောင်ထားသောလူကို ခေါ်၏။
ထိုနေ့ရက်တွင် ကိုယ်တော်သည် ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ သံလွင်တောင်ပေါ်၌ ခြေချတော်မူလျှင် သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် နှစ်ခြမ်းကွဲ၍ ကျယ်ပြန့်သောချိုင့်ဝှမ်းလွင်ပြင်ကြီး ပေါ်လာလိမ့်မည်။ ထိုတောင်၏တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ ကျန်တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွေ့သွားလိမ့်မည်။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။