ထိုအကြောင်းကို ငါပရောဖက်ပြုဟောပြောနေစဉ် ဗေနာယ၏သားပေလတိ သေလေ၏။ ထိုအခါ ငါသည် ပျပ်ဝပ်လျက် “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြွင်းကျန်သောအစ္စရေးတို့ကိုပါ အကုန်အစင်ဖျက်ဆီးတော်မူမည်လော”ဟု အသံကုန်အော်ဟစ်လျှောက်ဆိုလေ၏။
ယေဇကျေလ 11:14 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာပြန်၍ Common Language Bible ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံ သို့ရောက်လာ၏။ ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင်မြို့တွင်နေထိုင်ကြသောသူတို့ သည်သင်နှင့်သင်၏ညီအစ်ကိုဣသရေလ အမျိုးသားတို့၏အကြောင်းကိုပြောဆိုနေ ကြ၏။ သူတို့က`ပြည်နှင်ဒဏ်ခံရသူတို့သည် ထာဝရဘုရားသွေးတော်စပ်သူညီအစ်ကို နှင့်ထံတော်မှ ရပ်ဝေးသို့ရောက်ရှိနေကြ၏။ သို့ဖြစ်၍ကိုယ်တော်သည်ဤပြည်ကိုငါတို့ အားပေးတော်မူပြီ' ဟုဆိုကြ၏။'' Garrad Bible ငါ သို့ ရောက် ပြန် သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ Judson Bible တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ |
ထိုအကြောင်းကို ငါပရောဖက်ပြုဟောပြောနေစဉ် ဗေနာယ၏သားပေလတိ သေလေ၏။ ထိုအခါ ငါသည် ပျပ်ဝပ်လျက် “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြွင်းကျန်သောအစ္စရေးတို့ကိုပါ အကုန်အစင်ဖျက်ဆီးတော်မူမည်လော”ဟု အသံကုန်အော်ဟစ်လျှောက်ဆိုလေ၏။
“အချင်းလူသား၊ ဂျေရုဆလင်မြို့တွင်နေထိုင်သောသူတို့က သင်၏ညီအစ်ကိုများ၊ သင်၏ဆွေမျိုးသားချင်းများနှင့် အစ္စရေးတစ်မျိုးနွယ်လုံးအား ‘ထာဝရဘုရားထံတော်မှ အဝေးသို့ ထွက်သွားကြလော့။ ဤပြည်ကို ငါတို့အား အမွေအဖြစ်ပေးတော်မူပြီ’ဟု ပြောဆိုကြပြီ။