သူတို့က ‘အိမ်ဆောက်ရမည့် အချိန်မရောက်သေးပါ။ ဤမြို့ကား ဟင်းအိုး၊ ငါတို့ကား အသားဖြစ်၏’ဟု ပြောတတ်ကြ၏။
ယေဇကျေလ 11:11 - မြန်မာ့စံမီသမ္မာကျမ်း ဤမြို့သည် ဟင်းအိုးကဲ့သို့၊ သင်တို့သည် ဟင်းအိုးထဲမှအသားကဲ့သို့ မဖြစ်စေရ။ သင်တို့ကိုအစ္စရေးနယ်စပ်တွင် ငါတရားစီရင်မည်။ Common Language Bible အိုးကင်းသည်အမဲသားကိုကာကွယ်သကဲ့ သို့ ဤမြို့သည်သင်တို့အားအကာအကွယ် ပေးလိမ့်မည်မဟုတ်။ သင်တို့သည်ဣသရေလ ပြည်နယ်စပ်တွင် ငါသည်သင်တို့ကိုအပြစ် ဒဏ်ခတ်မည်။- Garrad Bible ဤ မြို့ သည် သင် တို့ အိုး၊ သင် တို့ လည်း အိုး ရှိ ဟင်း လျာ မ ဖြစ်၊ ငါ၏ ထုံး ဖွဲ့ ချက် များ အ တိုင်း မ လျှောက် မ လိုက်၊ ဆုံး ဖြတ် ချက် များ ကို မ ပြု မ ကျင့် ဘဲ၊ ပတ် ဝန်း ကျင် ရှိ လူ မျိုး ခြား တို့ ဓ လေ့ အ တိုင်း လိုက် နာ သော သင် တို့ ကို၊ ဣ သ ရေ လ ပြည် စွန် တွင် ပင် ငါ ဆုံး ဖြတ် သ ဖြင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် သည် ကို၊ သင် တို့ သိ ရ ကြ လ တ္တံ့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ၍ တည်း။ Judson Bible ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ |
သူတို့က ‘အိမ်ဆောက်ရမည့် အချိန်မရောက်သေးပါ။ ဤမြို့ကား ဟင်းအိုး၊ ငါတို့ကား အသားဖြစ်၏’ဟု ပြောတတ်ကြ၏။
ပုန်ကန်တတ်သောအမျိုးအား ဤပုံဥပမာဖြင့် ခိုင်းနှိုင်းပြလော့။ ဘုရားရှင်ထာဝရဘုရားက ‘အိုးထဲသို့ ရေလောင်းထည့်၍ မီးဖိုပေါ်တင်လော့။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘လူအသက်သတ်သောမြို့သည် အမင်္ဂလာရှိ၏။ တိုက်ချွတ်မရအောင် အညစ်အကြေးကပ်နေသောအိုးထဲမှ အသားတုံးများကို မရွေးဘဲ တစ်တုံးပြီးတစ်တုံး ထုတ်လော့။