တွန်းလှည်းတစ်ခုစီတွင် ကြေးနီဘီးလေးဘီးစီနှင့် ကြေးနီဝင်ရိုးများပါရှိ၏။ ထောက်တိုင်လေးတိုင်သည် အင်တုံအောက်၌ ထောက်ထား၏။ ထိုအင်တုံကိုထောက်ထားသောတိုင်တစ်တိုင်စီတွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
ယေဇကျေလ 10:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါကြည့်လိုက်သော် ခေရုဗိမ်တို့၏ဘေးတွင် ဘီးလေးဘီးရှိ၏။ ခေရုဗိမ်တစ်ပါးစီ၏ဘေးတွင် ဘီးတစ်ဘီးစီရှိပြီး ဘီးများသည် ကျောက်မျက်ရွဲအရောင်ကဲ့သို့ တောက်ပနေ၏။ Common Language Bible ထိုသတ္တဝါတို့၏နံဘေး၌ရထားဘီးတစ် ခုစီရှိသည်ကိုလည်းကောင်းငါမြင်ရ၏။ ထို ဘီးတို့သည်ကျောက်မျက်ရတနာများကဲ့ သို့အရောင်အဝါထွက်လျက်နေ၏။ ယင်းတို့ သည်ပုံသဏ္ဌာန်အရွယ်အစားချင်းတူညီ ကြလျက် ဘီးတိုင်းတွင်အခြားဘီးတစ်ခု ကကန့်လန့်ဖြတ်ထောင့်မှန်ကျကျတပ်ဆင် ထား၏။- Garrad Bible ငါ ရှု ကြည့် ရာ၊ ခေ ရု ဗ တစ် ပါး တစ် ပါး အ နီး၊ စက် တစ် ခု စီ၊ လေး ခု ကို ငါ မြင် ရ၏။ ၎င်း စက် များ၏ သဏ္ဌာန် ကား၊ တစ် စက် အ တွင်း တွင် တစ် စက် ပါ ဟန်၊ ဥဿ ဖ ယား ရောင် သဏ္ဌာန် တည်း ရှိ၏။ Judson Bible ငါကြည့်ရှု၍၊ ခေရုဗိမ်တို့အနားမှာ ရထားဘီးတစ်ခုစီရှိ၏။ ဘီးတို့သည် ကျောက်မျက်ရွဲ၏ အဆင်းအရောင် ရှိ၏။ |
တွန်းလှည်းတစ်ခုစီတွင် ကြေးနီဘီးလေးဘီးစီနှင့် ကြေးနီဝင်ရိုးများပါရှိ၏။ ထောက်တိုင်လေးတိုင်သည် အင်တုံအောက်၌ ထောက်ထား၏။ ထိုအင်တုံကိုထောက်ထားသောတိုင်တစ်တိုင်စီတွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
ဘီးလေးခုတို့မှာ တစ်ပုံစံတည်းဖြစ်၍ ဘီးတစ်ခုတွင် နောက်ဘီးတစ်ခုကို ကန့်လန့်ဖြတ်ထည့်ထားသည့်ပုံစံမျိုးဖြစ်၏။
ထိုသူ၏ကိုယ်ခန္ဓာမှာ ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ မျက်နှာမှာ လျှပ်စီးလက်သကဲ့သို့ ဖြစ်၏။ မျက်စိသည်လည်း မီးတောက်နေသောမီးတုတ်ကဲ့သို့ ဖြစ်၏။ လက်နှင့်ခြေသည် ပြောင်လက်အောင်တိုက်ချွတ်ထားသောကြေးနီနှင့် တူ၏။ သူ၏စကားသံသည် လူအုပ်ကြီး၏အသံနှင့် တူ၏။
ပဉ္စမမှာ ကြောင်၊ ဆဋ္ဌမမှာ ပတ္တမြား၊ သတ္တမမှာ သလင်းဝါ၊ အဋ္ဌမမှာ မျက်ရွဲ၊ နဝမမှာ ဥဿဖရား၊ ဒသမမှာ မဟူရာစိမ်း၊ ဧကဒသမမှာ နီလာသွေး၊ ဒွါဒသမမှာ နီလာခရမ်းဖြစ်၏။