ထို့နောက် ငါကြည့်လိုက်သော် ခေရုဗိမ်တို့၏ဦးခေါင်းအထက်မိုးမျက်နှာကြက်တွင် နီလာရောင်အဆင်းသဏ္ဌာန်ပလ္လင်နှင့်တူသောအရာတစ်ခု ပေါ်လာသည်ကို တွေ့ရ၏။
ယေဇကျေလ 10:19 - မြန်မာ့စံမီသမ္မာကျမ်း ငါကြည့်နေစဉ်မှာပင် ခေရုဗိမ်တို့သည် အတောင်ပံကိုဖြန့်၍ မြေမှကြွသွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့်အတူ လိုက်သွား၏။ ထာဝရဘုရားအိမ်တော်အရှေ့ဘက်တံခါးဝသို့ရောက်သောအခါ ရပ်နေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းအသရေတော်သည်လည်း သူတို့အပေါ်တွင် တည်နေ၏။ Common Language Bible သူတို့သည်မိမိတို့တောင်ပံများကိုဖြန့်၍ ငါ၏မျက်မှောက်၌ပင်ကမ္ဘာမြေကြီးမှအထက် သို့ပျံတက်ကြ၏။ ထိုအခါဘီးတို့သည်လည်း လိုက်ပါသွားကြ၏။ သတ္တဝါတို့သည်ဗိမာန် တော်အရှေ့တံခါးတွင်ရပ်နားကြ၏။ ဣသ ရေလအမျိုးသားတို့ဘုရားသခင်၏ တောက်ပသောဘုန်းအသရေတော်သည် လည်းသူတို့အပေါ်၌တည်လေ၏။- Garrad Bible ခေ ရု ဗ တို့ ကို လွှမ်း မိုး သည့် ကာ လ၊ ခေ ရု ဗ တို့ လည်း ထွက် သွား သော်၊ ငါ့ မျက် မှောက် တွင် ပင် အ တောင် ဖြန့်၍၊ စက် များ နှင့် တ ကွ မြေ ပေါ် မှ တက် ပြီး လျှင်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ဘုန်း တော် လွှမ်း မိုး သေး လျက်၊ ဗိ မာန် တော် ရှေ့ တံ ခါး ဝ အ နီး၌ ရပ် နေ ကြ၏။ Judson Bible ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင်တို့ကို ဖြန့်ပြီးလျှင်၊ မြေကြီးနှင့်ကွာ၍ တက်ကြ၏။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက်ကြ၏။ ထာဝရဘုရား၏အိမ်တော်ရှေ့ တံခါးဝမှာရပ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက်ရှိ၏။ |
ထို့နောက် ငါကြည့်လိုက်သော် ခေရုဗိမ်တို့၏ဦးခေါင်းအထက်မိုးမျက်နှာကြက်တွင် နီလာရောင်အဆင်းသဏ္ဌာန်ပလ္လင်နှင့်တူသောအရာတစ်ခု ပေါ်လာသည်ကို တွေ့ရ၏။
တစ်ဖန် ဝိညာဉ်တော်သည် ငါ့ကို အရှေ့ဘက်သို့မျက်နှာမူသော ထာဝရဘုရားအိမ်တော်အရှေ့တံခါးသို့ ချီဆောင်သွား၏။ ထိုတံခါးဝ၌ လူနှစ်ဆယ့်ငါးယောက်ကို ငါတွေ့၏။ သူတို့အလယ်တွင် လူမျိုးတော်၏အကြီးအကဲဖြစ်သော အဇ္ဇုရ၏သားယာဇညာနှင့် ဗေနာယ၏သားပေလတိတို့ကိုလည်း ငါတွေ့၏။
ထို့နောက် သူသည် ငါ့အား အရှေ့ဘက်သို့မျက်နှာမူသော မုခ်ဆောင်တံခါးသို့ ခေါ်ဆောင်သွား၏။
ထိုနေရာတွင် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်ဘုန်းတော်သည် အရှေ့ဘက်မှထွက်ပေါ်လာ၍ အသံတော်သည်လည်း ရေထုကြီးဟုန်းသံကဲ့သို့ဖြစ်၏။ ကိုယ်တော်၏ဘုန်းတော်သည် မြေတစ်ပြင်လုံးသို့ ထွန်းလင်းလေ၏။
ထာဝရဘုရား၏ဘုန်းတော်သည် အရှေ့ဘက်သို့မျက်နှာမူသော မုခ်ဆောင်တံခါးကိုဖြတ်၍ အိမ်တော်ထဲသို့ဝင်တော်မူ၏။
တစ်ဖန် ငါ့ကို ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းသို့ ဆောင်သွားရာ လူနှစ်ဆယ့်ငါးယောက်ခန့်သည် ဆင်ဝင်နှင့် ယဇ်ပလ္လင်ကြားရှိ ထာဝရဘုရား၏ဗိမာန်တော်တံခါးဝတွင် ထာဝရဘုရား၏ဗိမာန်တော်ကို ကျောခိုင်းပြီး အရှေ့အရပ်သို့မျက်နှာမူ၍ အရှေ့အရပ်ရှိနေမင်းအား ရှိခိုးကိုးကွယ်ကြသည်ကို တွေ့ရ၏။