သွားသောအခါတွင်လည်း ဟိုဘက်သည်ဘက်မကွေ့ဘဲ သတ္တဝါတို့မျက်နှာမူရာ လေးဘက်လေးတန်သို့သာ သွားတတ်၏။
ယေဇကျေလ 10:11 - မြန်မာ့စံမီသမ္မာကျမ်း သွားသောအခါ ဟိုဘက်သည်ဘက်မကွေ့ဘဲ ခေရုဗိမ်တို့ မျက်နှာမူရာလေးဘက်လေးတန်သို့ သွား၏။ မျက်နှာတစ်ဖက်၏ဦးဆောင်သွားရာဘက်သို့ ဟိုဘက်သည်ဘက်မကွေ့ဘဲ လိုက်သွား၏။ Common Language Bible ထိုဘီးတို့လှုပ်ရှားရာ၌ဘီးတို့သည်မလှည့် ဘဲ သတ္တဝါများသွားသည့်အတိုင်းသူတို့ မျက်နှာမူရာအရပ်၊ မည်သည့်အရပ်သို့ မဆိုသွားလာနိုင်ကြ၏။ သူတို့သည်မိမိ တို့ကိုယ်ကိုလှည့်နေရန်မလိုဘဲ အားလုံး တညီတညာတည်းမိမိတို့သွားလိုရာ ဘက်သို့သွားနိုင်ကြ၏။- Garrad Bible သွား လာ ရာ၌ မ လှည့် ဘဲ လေး မျက် နှာ သို့ သွား၏။ ပါ ရှိ သော စက် များ နှင့် တ ကွ၊ ကျော၊ လက်၊ အ တောင် များ မှ စ၍ တစ် ကိုယ် လုံး ပင်၊ ပတ် ဝန်း ကျင် တွင် မျက် စိ နှင့် ပြည့် စုံ သော လေး ပါး တို့ လည်း၊ သွား လာ ရာ၌ မ လှည့် ဘဲ၊ ဦး ခေါင်း တည့် ရာ သို့ သွား ကြ၏။ Judson Bible သွားသောအခါ ဘီးလေးမျက်နှာတညီတည်းနေ၍၊ မလှည့်ဘဲ သွားတတ်ကြ၏။ ခေါင်းမျက်နှာ ပြုသောဘက်သို့ လိုက်၍ မလှည့်ဘဲ သွားကြ၏။ |
သွားသောအခါတွင်လည်း ဟိုဘက်သည်ဘက်မကွေ့ဘဲ သတ္တဝါတို့မျက်နှာမူရာ လေးဘက်လေးတန်သို့သာ သွားတတ်၏။
ဝိညာဉ်တော်သွားရာသို့ သတ္တဝါတို့လိုက်ပါသွားရ၏။ သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သည်ဖြစ်၍ ဝိညာဉ်တော်သွားရာသို့ ဘီးတို့သည် ဝိညာဉ်တော်နှင့်အတူ ကြွကြ၏။
ဘေး၌ရှိသော အတောင်ပံလေးခုအောက်တွင် လူလက်ပါ၏။ ထိုသတ္တဝါလေးပါးတို့တွင် မျက်နှာနှင့်တောင်ပံများရှိ၏။
ဘီးလေးခုတို့မှာ တစ်ပုံစံတည်းဖြစ်၍ ဘီးတစ်ခုတွင် နောက်ဘီးတစ်ခုကို ကန့်လန့်ဖြတ်ထည့်ထားသည့်ပုံစံမျိုးဖြစ်၏။
မျက်နှာပုံသဏ္ဌာန်မှာလည်း ခေဗာမြစ်နား၌တွေ့ခဲ့သော မျက်နှာပုံသဏ္ဌာန်နှင့်တူ၏။ မိမိတို့မျက်နှာမူရာတည့်တည့်သို့သာသွားတတ်ကြ၏။