ဘီးများကို ရထားဘီးကဲ့သို့ သွန်းလုပ်ထား၏။ ဝင်ရိုးတံများ၊ ဘီးခွေများ၊ ထောက်တိုင်များ၊ ဝင်ရိုးအုံများအားလုံးကို ကြေးနီနှင့်သွန်းလုပ်ထား၏။
ယေဇကျေလ 1:18 - မြန်မာ့စံမီသမ္မာကျမ်း ဘီးခွေတို့သည် အလွန်မြင့်၍ အံ့ဩဖွယ်ကောင်းလှ၏။ ဘီးလေးဘီးစလုံး၏ခွေမှာ မျက်စိအပြည့်ပါရှိ၏။ Common Language Bible ဘီးခွေတို့သည်မျက်စိများဖြင့်ပြည့်နှက်လျက်ရှိ၍ မြင့်မားလျက်စိုးရိမ်ထိတ်လန့်ဖွယ်ကောင်း၏။- Garrad Bible ပတ် ဝန်း ကျင် တွင် မျက် စိ နှင့် ပြည့် စုံ သော၊ ကြောက် ရွံ့ ဖွယ် ခွေ အ မြင့် ရှိ သည့် အ တိုင်း၊ Judson Bible ဘီးဝန်းတို့သည်လည်း မြင့်၍ ကြောက်မက်ဖွယ်ဖြစ်ကြ၏။ ထိုလေးပါးတို့သည် မျက်စိနှင့်ပြည့်ကြ၏။ |
ဘီးများကို ရထားဘီးကဲ့သို့ သွန်းလုပ်ထား၏။ ဝင်ရိုးတံများ၊ ဘီးခွေများ၊ ထောက်တိုင်များ၊ ဝင်ရိုးအုံများအားလုံးကို ကြေးနီနှင့်သွန်းလုပ်ထား၏။
ထာဝရဘုရား၏မျက်စိတော်သည် နေရာတိုင်း၌ရှိ၍ မကောင်းမှုပြုသောသူတို့နှင့် သူတော်ကောင်းတို့ကို စောင့်ကြည့်နေတော်မူ၏။
မိုးကောင်းကင်သည် ကမ္ဘာမြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏နည်းလမ်းသည် သင်တို့၏နည်းလမ်းထက်၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက် သာ၍မြင့်၏။
ခေရုဗိမ်လေးပါးရှိ ဘီးများနှင့်တကွ ခေရုဗိမ်တို့၏ကျော၊ လက်များ၊ တောင်ပံများနှင့် တစ်ကိုယ်လုံးတွင် မျက်စိအပြည့်ပါရှိ၏။
သေးငယ်သောအမှုများပြုသောနေ့ရက်ကို မည်သူ မထီမဲ့မြင်ပြုသနည်း။ သို့သော် မြေတစ်ပြင်လုံးကို လှည့်လည်ကြည့်ရှုလျက်နေသော ထာဝရဘုရား၏မျက်လုံးတော်ခုနစ်လုံးသည် ဇေရုဗဗေလလက်ထဲမှ ချိန်သီးတုံးကိုမြင်သောအခါ ဝမ်းမြောက်ကြ၏”ဟု မိန့်ဆို၏။
ထို့ပြင် ပလ္လင်တော်ရှေ့၌ ကျောက်သလင်းနှင့်တူသည့် ဖန်ပင်လယ်ကဲ့သို့သောအရာရှိ၏။ ပလ္လင်တော်၏အလယ်နှင့် ပလ္လင်တော်ပတ်လည်၌ကား ရှေ့ဘက်နှင့်နောက်ဘက်တို့တွင် မျက်စိများဖြင့်ပြည့်နေသောသတ္တဝါလေးပါးရှိ၏။
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။