ယောလ 2:3 - မြန်မာ့စံမီသမ္မာကျမ်း
သူတို့ရှေ့တွင် ဝါးမျိုသောမီး ရှိ၏။ သူတို့နောက်တွင် လောင်ကျွမ်းသောမီးလျှံ ရှိ၏။ ပြည်တော်သည် ယခင်က ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်သော်လည်း သူတို့ပေါ်လာပြီးနောက်တွင် ဆိတ်ညံသောတောကန္တာရကဲ့သို့ ဖြစ်လေပြီ။ သူတို့ဘေးရန်မှ လွတ်မြောက်သောအရာ တစ်ခုမျှမရှိ။
အခန်းကိုကြည့်ပါ။
ကျိုင်းကောင်တို့၏ရှေ့နှင့်နောက်တွင်သီးနှံပင်များကို မီးကဲ့သို့ကိုက်စားကြ၏။ မြေကြီးသည်သူတို့၏ရှေ့၌ဧဒင်ဥယျာဉ်နှင့် တူ၍ သူတို့၏နောက်တွင်မူကား၊သီးနှံပင်ကင်းမဲ့သည့် သဲကန္တာရနှင့်တူ၏။ သူတို့၏ဘေးအန္တရာယ်မှလွတ်မြောက်သည့် အသီးအနှံဟူ၍မရှိ။
အခန်းကိုကြည့်ပါ။
ရှေ့ က ကျွမ်း လောင် သော မီး၊ နောက် က တောက် ပ သော မီး လျှံ ထွက် သ ဖြင့်၊ မ ရောက် သေး သော မြေ သည်၊ ဧ ဒင် ဥ ယျာဉ် ကဲ့ သို့ ရှိ သော် လည်း၊ ရောက် ပြီး မှ အ ကြွင်း အ ကျန် မဲ့၊ ဆိတ် ညံ ရာ တော ဖြစ် လေ၏။
အခန်းကိုကြည့်ပါ။
သူတို့ရှေ့မှာ မီးလောင်၏။ နောက်၌လည်း မီးလျှံတောက်၏။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ကား၊ သုတ်သင်ပယ်ရှင်းသော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။
အခန်းကိုကြည့်ပါ။