အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
ယောလ 1:6 - မြန်မာ့စံမီသမ္မာကျမ်း အင်အားကြီးပြီး မရေမတွက်နိုင်သည့် လူမျိုးတစ်မျိုးသည် ငါ့ပြည်သို့ စစ်ချီလာပြီ။ ထိုလူမျိုး၏သွားသည် ခြင်္သေ့ပျို၏သွားနှင့်တူ၏။ အစွယ်သည်လည်း ခြင်္သေ့မ၏အစွယ်နှင့်တူ၏။ Common Language Bible ကျိုင်းကောင်အုပ်ကြီးသည်ငါတို့ပြည်ကိုတိုက်ခိုက်လှလေပြီ။ သူတို့သည်အားအင်ကြီး၍မရေမတွက်နိုင်အောင်များပြားကြ၏။ သူတို့၏သွားများသည်ခြင်္သေ့သွားကဲ့သို့ထက်မြက်၏။ Garrad Bible ခွန် အား ကြီး လျက် ရေ တွက်၍ မ ရ၊ ခြင်္သေ့ ကဲ့ သို့ သွား၊ သီ ဟ ကဲ့ သို့ အ စွယ် နှင့် ပြည့် စုံ သော အ လုံး အ ရင်း သည်၊ ငါ့ ပြည် ပေါ် သို့ တက် ချီ၍၊ Judson Bible အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ။ ထိုအမျိုး၏ သွားသည် ခြင်္သေ့သွားကဲ့သို့လည်းကောင်း၊ အံသွားသည်လည်း ခြင်္သေ့မ အံသွားကဲ့သို့လည်းကောင်းဖြစ်၏။ |
အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
အဖိနှိပ်ခံရသောသူတို့ကို မြေကြီးပေါ်မှလည်းကောင်း၊ နွမ်းပါးသောသူတို့ကို လူထုထဲမှလည်းကောင်း ဝါးမျိုပစ်ရန် သန်လျက်ကဲ့သို့သောသွားနှင့် ဓားကဲ့သို့သောအစွယ်ရှိသောသူများရှိ၏။
ဆူးပင်၊ ချုံပင်တို့ပေါက်နေသော ငါ့လူမျိုး၏မြေ၊ အပျော်အပါးများနှင့်စည်ကားခဲ့သောမြို့၊ ဝမ်းမြောက်ပျော်ရွှင်ခဲ့သောမိသားစုအားလုံးအတွက် ရင်ဘတ်စည်တီးကြလော့။
ယုဒပြည်ထဲသို့ဖြတ်သန်းစီးဝင်၍ လည်ပင်းတိုင်အောင် လွှမ်းမိုးသွားမည်။ မိမိ၏တောင်ပံများကိုဖြန့်၍ သင့်ပြည်တစ်ပြည်လုံးသို့ ရောက်လိမ့်မည်၊ အို ဧမာနွေလ”ဟု မိန့်တော်မူ၏။
သူတို့သည် ထာဝရဘုရား၏ပြည်တွင် နေရတော့မည်မဟုတ်။ ဧဖရိမ်သည် အီဂျစ်ပြည်သို့ပြန်သွားရလိမ့်မည်။ အဆီးရီးယားပြည်တွင် မစင်ကြယ်သောအစာကို စားရလိမ့်မည်။
“သင်တို့ထံ ငါစေလွှတ်ခဲ့သော စစ်သည်အလုံးအရင်းများဖြစ်သည့် အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတို့ ဝါးမျိုဖျက်ဆီးသောနှစ်ကာလတစ်လျှောက် သင်တို့ဆုံးရှုံးခဲ့သမျှကို ငါပြန်ပေးမည်။