ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
ယောလ 1:19 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော့်ကို အကျွန်ုပ်ဟစ်ခေါ်ပါ၏။ အကြောင်းမူကား မီးသည် တောကန္တာရရှိစားကျက်မြေများကို ဝါးမျို၍ မီးလျှံတို့သည် တောရှိသစ်ပင်တို့ကို လောင်ကျွမ်းလေပြီ။ Common Language Bible စားကျက်များနှင့်သစ်ပင်များသည် မီးသင့်လောင်သည့်အလားခြောက်သွေ့၍သွားကုန်၏။ သို့ဖြစ်၍ အို ထာဝရဘုရားကျွန်တော်မျိုးတို့သည်အထံတော်သို့ဟစ်အော်ကြပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ တော တောင် စား ကျက် များ ကို လည်း ကောင်း၊ သစ် ပင် ရှိ သ မျှ ကို လည်း ကောင်း၊ မီး လျှံ သင့်၍ ကျွမ်း လောင် သော ကြောင့်၊ ကိုယ် တော့် ထံ အ ကျွန်ုပ် ပ ဌ နာ ပြု သည် ပြင်၊ Judson Bible အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ဟစ်ကြော်ပါ၏။ တော၌ ကျက်စားရာအရပ်တို့ကို မီးရှို့ပါပြီ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ။ |
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဆင်းရဲဒုက္ခရောက်သောအခါ သူနှင့်အတူငါရှိမည်။ ငါသည် သူ့ကိုကယ်မ၍ သူ့ကိုဂုဏ်ပြုမည်။
မြေကြီးပေါ်၌ မိုးမရွာဘဲ မြေအက်ကွဲသောကြောင့် လယ်သမားတို့သည် ရှက်ရှက်နှင့် ခေါင်းခြုံထားကြ၏။
သူသည် ဖောက်ပြန်သောအပြစ်ကို ပေါ့ပေါ့တန်တန်သဘောထား၍ ကျောက်တုံး၊ သစ်တုံးတို့နှင့် ဖောက်ပြန်ခြင်းဖြင့် ပြည်ကိုညစ်ညူးစေခဲ့၏။
ငါသည် တောင်များအတွက် ငိုကြွေးမြည်တမ်းမည်။ စားကျက်တောကြီးများအတွက် ကြေကွဲဝမ်းနည်းမည်။ အကြောင်းမူကား ထိုနေရာတို့ကို မီးလောင်သွားပြီ။ ဖြတ်သန်းသွားလာသောသူတစ်ယောက်မျှမရှိ။ သိုးနွားတို့၏အသံကိုမကြားရ။ ကောင်းကင်ငှက်များ၊ တိရစ္ဆာန်များသည်လည်း အဝေးသို့ထွက်ပြေးသွားကြပြီ။
“ထိုသို့သောအမှုအရာများကြောင့် ငါသည် သူတို့ကို ဒဏ်မခတ်ဘဲနေရမည်လော။ ထိုသို့သောလူမျိုးကို ငါကိုယ်တိုင်လက်တုံ့မပြန်ဘဲ နေရမည်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့ရှေ့တွင် ဝါးမျိုသောမီး ရှိ၏။ သူတို့နောက်တွင် လောင်ကျွမ်းသောမီးလျှံ ရှိ၏။ ပြည်တော်သည် ယခင်က ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်သော်လည်း သူတို့ပေါ်လာပြီးနောက်တွင် ဆိတ်ညံသောတောကန္တာရကဲ့သို့ ဖြစ်လေပြီ။ သူတို့ဘေးရန်မှ လွတ်မြောက်သောအရာ တစ်ခုမျှမရှိ။
အာမုတ်က “ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ သိုးကျောင်းရာစားကျက်မြေများ ခြောက်သွေ့၍ ကရမေလတောင်ထိပ်သည် ညှိုးနွမ်းသွားပြီ”ဟု ဆို၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ ဘုရားရှင်ထာဝရဘုရားသည် တရားစီရင်ရန် မီးကိုဆင့်ခေါ်ရာ မီးသည် ကျယ်ပြန့်နက်ရှိုင်းသောရေထုကို ဝါးမျိုပြီးလျှင် မြေကြီးကိုလည်း ဝါးမျိုလေ၏။
ငါမူကား ထာဝရဘုရားကို မျှော်ကြည့်မည်။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ကိုးစားမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားညောင်းတော်မူမည်။
ထို့နောက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာအားဖြင့် လူတို့အား မြွက်ဆိုတော်မူသည်မှာ
ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။