အာဗြဟံသည် ဧဖရုန်၏စကားကိုနားထောင်လေ၏။ ထိုသို့ ဟေသအမျိုးသားတို့ရှေ့မှောက်၌ ဧဖရုန်တန်ဖိုးဖြတ်သည့် ငွေအချိန်လေးရာရှယ်ကယ်ကို အာဗြဟံသည် ကုန်သည်တို့၏စံနှုန်းအတိုင်းချိန်တွယ်၍ သူ့အားပေးလေ၏။
ယောလ 1:17 - မြန်မာ့စံမီသမ္မာကျမ်း မျိုးစေ့တို့သည် မြေစိုင်မြေခဲများအောက်တွင် ရှုံ့တွလေပြီ။ ကောက်နှံပင်တို့ ခြောက်သွေ့ကုန်သဖြင့် သိုလှောင်ရုံများလည်း ပြိုပျက်ကုန်ပြီ။ စပါးကျီများလည်း ပျက်စီးကုန်ပြီ။ Common Language Bible မျိုးစေ့တို့သည်မြေခြောက်အောက်တွင်ပုပ်ပျက်၍သွားကြ၏။ သိုလှောင်ရန်ဂျုံဆန်မရှိတော့သဖြင့် ဟာလာဟင်းလင်းဖြစ်လျက်နေသောစပါးကျီများသည်ယိုယွင်းပျက်စီး၍နေကြ၏။ Garrad Bible တူး ဆွ လျက် ပင် မျိုး စေ့ ပိန် ကြုံ၍၊ ကောက် ပင် မ အောင် သည့် အ တိုင်း၊ တ လင်း ဆိတ် ညံ ရာ၊ ကျီ ကျ ပြို ပျက် ရာ ရောက် ခဲ့ လေ စွ။ Judson Bible မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ၏။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ၏။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ၏။ |
အာဗြဟံသည် ဧဖရုန်၏စကားကိုနားထောင်လေ၏။ ထိုသို့ ဟေသအမျိုးသားတို့ရှေ့မှောက်၌ ဧဖရုန်တန်ဖိုးဖြတ်သည့် ငွေအချိန်လေးရာရှယ်ကယ်ကို အာဗြဟံသည် ကုန်သည်တို့၏စံနှုန်းအတိုင်းချိန်တွယ်၍ သူ့အားပေးလေ၏။
မိုးကောင်းကင်ငှက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ၊ ရိတ်သိမ်းခြင်းနှင့် ကျီ၌စုသိမ်းခြင်းတို့ကိုလည်း မပြုကြ။ သို့သော် ကောင်းကင်ဘုံရှင် သင်တို့အဖသည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် အဖိုးထိုက်ကြသည်မဟုတ်လော။