ထိုမှ တိုင်ရာခံတပ်မြို့၊ ဟိဝိလူမျိုးနှင့် ခါနာန်လူမျိုးတို့ နေထိုင်ရာမြို့ရှိသမျှတို့သို့ သွား၏။ ယုဒပြည်၊ နေဂေ့အရပ်ရှိဗေရရှေဘမြို့သို့လည်း သွားကြ၏။
ယောရှု 9:1 - မြန်မာ့စံမီသမ္မာကျမ်း ဂျော်ဒန်မြစ်တစ်ဖက် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ လက်ဘနွန်တောင်ခြေရှိမြေထဲပင်လယ်ကမ်းခြေတစ်လျှောက် တို့၌နေထိုင်ကြသော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ရှင်ဘုရင်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့၏သတင်းကို ကြားသောအခါ Common Language Bible ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။- Garrad Bible ထို ကာ လ၊ ယော် ဒန် မြစ် အ နောက် ဘက် ခင် တန်း၊ ရှ ဖေ လာ ခ ရိုင်၊ လေ ဗ နုန် တောင် ရင်း ရှိ မြေ ထဲ ပင်လယ် ကမ်း ခြေ တစ် လျှောက် နေ သော ဟိ တ္တိ၊ အာ မော ရိ၊ ခါ န နိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ ဘု ရင် အ ပေါင်း တို့ သ တင်း ကြား လျှင်၊ Judson Bible ယော်ဒန်မြစ် အနောက်ဘက်၊ တောင်ပေါ်၌လည်းကောင်း၊ ချိုင့်ထဲ၌လည်းကောင်း၊ လေဗနုန်တောင်တစ်ဖက်၊ မဟာပင်လယ်ကမ်း တစ်လျှောက်လုံး၌လည်းကောင်းနေသော ဟိတ္တိ၊ အာမောရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးမင်းကြီးအပေါင်းတို့သည် သတင်းကြားသောအခါ၊ |
ထိုမှ တိုင်ရာခံတပ်မြို့၊ ဟိဝိလူမျိုးနှင့် ခါနာန်လူမျိုးတို့ နေထိုင်ရာမြို့ရှိသမျှတို့သို့ သွား၏။ ယုဒပြည်၊ နေဂေ့အရပ်ရှိဗေရရှေဘမြို့သို့လည်း သွားကြ၏။
ငါ၏ကောင်းကင်တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထံသို့ ပို့ဆောင်မည်။ ငါသည် ထိုလူမျိုးတို့ကိုပယ်ဖျက်မည်။
သင်၏နယ်နိမိတ်ကို ပင်လယ်နီမှ ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောကန္တာရမှ ယူဖရေးတီးမြစ်တိုင်အောင်လည်းကောင်း ငါသတ်မှတ်မည်။ အကြောင်းမူကား ငါသည် ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်သည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်လိမ့်မည်။
ငါသည် သင်တို့ကို သင်တို့ဖိစီးနှိပ်စက်ခံရသောအီဂျစ်ပြည်ထဲမှ ထုတ်ဆောင်၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်သော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်မည်”ဟူ၍ မိန့်တော်မူသည်’ဟု ပြောရမည်။
ယနေ့ သင့်အား ငါမိန့်မှာသောအရာကို သင်စောင့်ထိန်းလော့။ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့ကို သင့်ရှေ့မှ ငါနှင်ထုတ်မည်။
အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။
အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်နှင့်ကမ်းရိုးတန်းတို့ဖြစ်ရမည်။ ဤသည်ကား သင်တို့အဖို့ အနောက်ဘက်နယ်နိမိတ်ဖြစ်မည်။
ခရီးစပြုကြလော့။ အာမောရိတောင်ပေါ်ဒေသနှင့် ထိုဒေသအနီးရှိ အရာဗလွင်ပြင်၊ တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ နေဂေ့အရပ်သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေဒေသသို့လည်းကောင်း၊ ခါနာန်ပြည်သို့လည်းကောင်း၊ လက်ဘနွန်တောင်မှ ယူဖရေးတီးမြစ်ကြီးတိုင်အောင်လည်းကောင်း လှည့်သွားလော့။
အကျွန်ုပ်သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ သာယာဝပြောသောပြည်၊ သာယာဝပြောသောတောင်ပေါ်ဒေသနှင့် လက်ဘနွန်တောင်ကို မြင်ရမည့်အကြောင်း အကျွန်ုပ်အား ဂျော်ဒန်မြစ်ကိုကူးသွားခွင့်ပြုတော်မူပါ’ဟု အသနားခံ၏။
ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ရှိ အရာဗလွင်ပြင်တစ်ခုလုံးမှစ၍ ပိသဂါတောင်ခြေရှိ အရာဗပင်လယ်တိုင်အောင်လည်းကောင်း သိမ်းပိုက်ခဲ့ကြ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေးသည်အထိ၊ သူတို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို အပိုင်ရသည်အထိ သူတို့ကို ကူညီရမည်။ ပြီးမှ သင်တို့ပြန်လာ၍ သင်တို့အားထာဝရဘုရား၏အစေအပါးမောရှေ ပေးခဲ့သော ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ကို သင်တို့ပိုင်ဆိုင်ရမည်”ဟု ဆိုလေ၏။
သင်တို့နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်ကြီးတစ်လျှောက် ဟိတ္တိပြည်တစ်ပြည်လုံးမှ အနောက်ဘက်ပင်လယ်ကြီးတိုင်အောင် ဖြစ်လိမ့်မည်။
ရှင်ဘုရင်ငါးပါးဖြစ်သော ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့ကို လိုဏ်ဂူထဲမှ ခေါ်ထုတ်လာကြ၏။
စိရပြည်ဘက်သို့တက်သွားသော ဟာလက်တောင်အထိ၊ ထိုမှ ဟေရမုန်တောင်ခြေ လက်ဘနွန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်အရပ်အထိ သိမ်းယူခဲ့၏။ ရှင်ဘုရင်အပေါင်းတို့ကိုလည်း ဖမ်းဆီးပြီး ရိုက်နှက်ကွပ်မျက်လေ၏။
ဂေဗလပြည်၊ လက်ဘနွန်ပြည်အရှေ့ဘက်တစ်ခုလုံး၊ ဟေရမုန်တောင်ခြေရှိ ဗာလဂဒ်ပြည်မှ လီဘိုဟာမတ်ပြည်အထိဖြစ်၏။
အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောနယ်မြေအပိုင်းအခြားဖြစ်၏။
ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။
မောရှေက မနာရှေအမျိုးအနွယ်တစ်ဝက်အား ဗာရှန်ပြည်ကို အမွေမြေအဖြစ်ပေးခဲ့၏။ ယောရှုက ကျန်မနာရှေအမျိုးအနွယ်တစ်ဝက်အား သူတို့၏ညီအစ်ကိုတို့နှင့်အတူ ဂျော်ဒန်မြစ်အနောက်ဘက်ခြမ်းကို အမွေမြေအဖြစ်ပေး၏။ သူတို့ကို အိမ်သို့ပြန်စေသောအခါ ယောရှုသည် ကောင်းချီးပေး၍
ကြည့်ပါ။ ဂျော်ဒန်မြစ်မှစ၍ အနောက်ဘက် မြေထဲပင်လယ်တိုင်အောင် ငါသုတ်သင်ဖယ်ရှားခဲ့သောလူမျိုးအပါအဝင် ကျန်နေသေးသောလူမျိုးတို့၏ပြည်ကို သင်တို့၏အမျိုးအနွယ်များအား အမွေအဖြစ် ငါမဲချခွဲဝေပေးခဲ့ပြီ။
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂျေရိခေါမြို့သို့ရောက်သောအခါ ဂျေရိခေါမြို့သားတို့အပါအဝင် အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ကြ၏။ ထိုသူတို့ကိုလည်း သင်တို့လက်သို့ ငါအပ်၏။
တစ်ဖန် ယောရှုက “အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိ၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဟိဝိလူမျိုး၊ ဖေရဇိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို သင်တို့ရှေ့မှ မုချနှင်ထုတ်တော်မူမည်ဖြစ်ကြောင်းကို ဤသို့အားဖြင့် သင်တို့သိရမည်။
လူအားလုံးဂျော်ဒန်မြစ်ကိုဖြတ်ကူးပြီးသည်အထိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်၊ ခြောက်သွေ့သောမြေပေါ်၌ မြဲမြံစွာရပ်နေကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည် ခြောက်သွေ့သောမြေပေါ်၌ ကူးသွားရကြ၏။
ဂျော်ဒန်မြစ်ကိုအစ္စရေးအမျိုးသားတို့ ကူးပြီးသည်အထိ ထာဝရဘုရားသည် သူတို့မျက်စိရှေ့တွင် မြစ်ရေကိုခန်းခြောက်စေခဲ့ကြောင်းကို ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိဘုရင်များ၊ ပင်လယ်နားရှိ ခါနာန်ဘုရင်များ ကြားကြသောအခါ သူတို့သည် အစ္စရေးအမျိုးသားတို့သတင်းကြောင့် စိတ်ပျက်အားလျော့၍ အလွန်ကြောက်ရွံ့ကြ၏။
ဤသို့ဖြင့် ထာဝရဘုရားသည် ယောရှုနှင့်အတူပါရှိတော်မူသဖြင့် သူ၏ဂုဏ်သတင်းသည် မြေတစ်ပြင်လုံးသို့ ပျံ့နှံ့လေ၏။
အစ္စရေးအမျိုးသားတို့ကလည်း “သင်တို့နှင့် မိတ်မဖွဲ့နိုင်။ သင်တို့သည် ငါတို့ အနီးအနား၌ နေထိုင်သူများလည်း ဖြစ်နိုင်ပါသည်”ဟု ဟိဝိလူမျိုးတို့အား ပြန်ပြော၏။