သင်တို့သည် မြို့ကိုသိမ်းပြီးသည်နှင့် မီးရှို့ပစ်ရမည်။ ထာဝရဘုရား၏အမိန့်တော်အတိုင်း သင်တို့ပြုရမည်။ သင်တို့ကို ငါအမိန့်ပေးပြီ”ဟု မှာကြားလေ၏။
သင်တို့သည်မြို့ကိုသိမ်းယူပြီးနောက်ထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်း မြို့ကိုမီး ရှို့ဖျက်ဆီးပစ်ရမည်။ ဤအမိန့်အတိုင်း ဆောင်ရွက်ကြလော့'' ဟုအမိန့်ပေးလေ၏။-
အောင် မြင် ပြီး မှ တစ် မြို့ လုံး မီး ရှို့၍ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း ပြု ကြ လော့။
တိုက်၍အောင်သောအခါ မြို့ကိုမီးရှို့ရကြမည်။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုရကြမည်။ ထိုသို့ ငါဆင့်ဆိုသည်ဟု ထိုသူတို့အား မှာထားလေ၏။
ထိုအခါ အဗရှလုံက သူ့ငယ်သားတို့အား “သင်တို့ စောင့်ကြည့်ပါ။ စပျစ်ဝိုင်ကြောင့် အာမနုန် စိတ်မြူးလာသောအခါ ငါက ‘အာမနုန်ကို သတ်လိုက်ပါ’ဟု ဆိုလျှင် သူ့ကိုသတ်လိုက်ပါ။ ငါအမိန့်ပေးသည်မဟုတ်လော။ သင်တို့မကြောက်ကြနှင့်။ အားယူပြီး သတ္တိရှိကြပါ”ဟု မှာထား၏။
သို့သော် သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားအမွေအဖြစ်ပေးတော်မူသော
ထိုအခါ သူတို့က ယောရှုအား “အကျွန်ုပ်တို့အား မိန့်မှာသမျှအတိုင်း ပြုပါမည်။ စေလွှတ်လေရာရာသို့ သွားပါမည်။
သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။
ထို့နောက် သူတို့သည် မြို့နှင့်တကွ မြို့ထဲ၌ရှိသမျှတို့ကို မီးရှို့ပစ်၏။ ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်တို့ကိုမူကား ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ထဲသို့ သွင်းလေ၏။
ထိုသို့ စစ်သည်တို့ကိုနေရာချရာတွင် မြို့မြောက်ဘက်တွင် ပင်မတပ်၊ မြို့အနောက်ဘက်တွင် ကင်းပုန်းတပ်တို့ နေရာကျကြ၏။ ထိုညတွင် ယောရှုသည် ချိုင့်ဝှမ်းသို့ဆင်းသွား၏။
သင်သည် ဂျေရိခေါမြို့နှင့် ဂျေရိခေါဘုရင်ကိုပြုသကဲ့သို့ အာဣမြို့နှင့်အာဣဘုရင်ကိုပြုရမည်။ ထိုမြို့မှ တိုက်ယူသောပစ္စည်းနှင့်တိရစ္ဆာန်တို့ကိုကား သင်တို့အဖို့ သိမ်းယူခွင့်ရှိ၏။ မြို့အနောက်ဘက်၌ ကင်းပုန်းချထားလော့”ဟု မိန့်တော်မူ၏။
ကင်းပုန်းတပ်ကလည်း မြို့ထဲမှထွက်လာ၍ အာဣစစ်သည်တို့ကို တိုက်လေ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးစစ်သည်နှစ်ဖွဲ့ကြားတွင် ပိတ်မိလေ၏။ အစ္စရေးစစ်သည်တို့သည် အာဣစစ်သည်တို့ အသက်ရှင်ကျန်ရစ်သူ၊ ထွက်ပြေးလွတ်မြောက်သူ တစ်ယောက်မျှမရှိအောင် သတ်ဖြတ်လေ၏။
ဤသို့ဖြင့် ယောရှုသည် အာဣမြို့ကို မီးရှို့ပစ်၍ ယနေ့တိုင် လူသူကင်းမဲ့ရာအပျက်အစီးပုံ ဖြစ်စေ၏။
သင်တို့သည် ကင်းပုန်းချရာနေရာမှထွက်၍ မြို့ကိုသိမ်းပိုက်ရမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့ကို သင်တို့လက်သို့အပ်တော်မူမည်။
ထို့နောက် ယောရှုသည် စစ်သူရဲတို့ကိုစေလွှတ်သဖြင့် သူတို့သည် သွား၍ အာဣမြို့အနောက်ဘက်၊ ဗေသလမြို့နှင့်အာဣမြို့အကြား၌ ကင်းပုန်းချ၍ စောင့်နေကြ၏။ သို့သော် ထိုည၌ ယောရှုသည် စစ်သည်တို့နှင့်အတူနေရစ်ခဲ့၏။
ဒေဗောရသည် နဿလိနယ်၊ ကေဒေရှမြို့ရှိ အဘိနောင်၏သား ဗာရက်ကို လူလွှတ်ခေါ်စေ၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘နဿလိအမျိုး၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူတစ်သောင်းကို သင်နှင့်အတူ တာဗော်တောင်သို့ ခေါ်ဆောင်သွားလော့။