ထိုနေ့၌ မောရှေ၏ပညတ္တိကျမ်းကိုလူတို့ ကြားသိအောင် ဖတ်ပြရာတွင် “အမ္မုန်လူမျိုးနှင့် မောဘလူမျိုးတို့သည် ဘုရားသခင်၏လူမျိုးတော်စာရင်းတွင် ဘယ်သောအခါမျှဝင်ခွင့်မရှိစေရ”ဟု ရေးသားထားသည်ကို တွေ့ရှိရ၏။
ယောရှု 8:34 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောရှုသည် ပညတ်တရားကျမ်း၌ရေးသားခဲ့သမျှအတိုင်း ကောင်းချီးမင်္ဂလာ၊ ကျိန်ခြင်းအမင်္ဂလာ တို့နှင့်ဆိုင်သောတရားစကားအလုံးစုံကို ဖတ်ကြားလေ၏။ Common Language Bible ထို့နောက်ယောရှုသည်ပညတ်တရားကျမ်း စာအုပ်တွင်ရေးသားဖော်ပြသည့်ကောင်းချီး မင်္ဂလာနှင့် ကျိန်စာများအပါအဝင်တရား အလုံးစုံတို့ကိုအသံကျယ်စွာဖြင့်ဖတ် ရှုလေ၏။- Garrad Bible ပ ည တ္တိ ကျမ်း တွင် ပါ ရှိ သော မင်္ဂ လာ အ မင်္ဂ လာ စ ကား များ နှင့် ပ ညတ် တ ရား ချက် အ လုံး စုံ ကို ဖတ် ရွတ် လေ ၏။ Judson Bible ပညတ္တိကျမ်း၌ ရေးထားသမျှသောကောင်းချီးမင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာစကားတည်းဟူသော တရားစကားအလုံးစုံတို့ကို ဖတ်ရွတ်လေ၏။ |
ထိုနေ့၌ မောရှေ၏ပညတ္တိကျမ်းကိုလူတို့ ကြားသိအောင် ဖတ်ပြရာတွင် “အမ္မုန်လူမျိုးနှင့် မောဘလူမျိုးတို့သည် ဘုရားသခင်၏လူမျိုးတော်စာရင်းတွင် ဘယ်သောအခါမျှဝင်ခွင့်မရှိစေရ”ဟု ရေးသားထားသည်ကို တွေ့ရှိရ၏။
သူတို့သည် ကိုယ်ရှိရာနေရာ၌ ရပ်လျက် နေ့တစ်နေ့၏လေးပုံတစ်ပုံတွင် ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားကျမ်းကို ဖတ်ပြီး နောက်လေးပုံတစ်ပုံတွင် အပြစ်များကိုဝန်ချတောင်းပန်ကာ ဘုရားသခင်ထာဝရဘုရားအား ရှိခိုးကိုးကွယ်ကြ၏။
ထာဝရဘုရားသည် သင့်ကို ရူးသွပ်ခြင်း၊ မျက်စိကန်းခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်းတို့ဖြင့် ဒဏ်ခတ်တော်မူမည်။
ဤပညတ်တရားကျမ်း၌ ရေးထားသမျှတို့ကို လိုက်နာစောင့်ထိန်းနိုင်မည့်အကြောင်း ထိုတရားတို့ကို သင့်နှုတ်မှမကွာစေနှင့်။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့ရမည်။ သို့ပြုလျှင် သင့်ဘဝလမ်းခရီး၌ အထမြောက်အောင်မြင်လိမ့်မည်။