ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
ယောရှု 8:22 - မြန်မာ့စံမီသမ္မာကျမ်း ကင်းပုန်းတပ်ကလည်း မြို့ထဲမှထွက်လာ၍ အာဣစစ်သည်တို့ကို တိုက်လေ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးစစ်သည်နှစ်ဖွဲ့ကြားတွင် ပိတ်မိလေ၏။ အစ္စရေးစစ်သည်တို့သည် အာဣစစ်သည်တို့ အသက်ရှင်ကျန်ရစ်သူ၊ ထွက်ပြေးလွတ်မြောက်သူ တစ်ယောက်မျှမရှိအောင် သတ်ဖြတ်လေ၏။ Common Language Bible မြို့တွင်း၌ရှိသောဣသရေလတပ်သားတို့ ကလည်းထွက်၍တိုက်ခိုက်ကြရာ အာဣမြို့ သားတို့သည်ဝိုင်းရံခြင်းကိုခံရသဖြင့် သူတို့အားလုံးပင်ကျဆုံးကြကုန်၏။ အာဣ မင်းကလွဲ၍မည်သူမျှအသက်ရှင်၍မကျန် ရစ်ခဲ့ချေ။ ဣသရေလတပ်သားတို့သည် အာဣမင်းကိုလက်ရဖမ်းဆီး၍ယောရှု ထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။ Garrad Bible မြို့ စီး တပ် လည်း မြို့ တွင်း မှ ထွက်၍၊ ရှေ့၊ နောက်၊ ဣ သ ရေ လ စစ် သား တို့ ညှပ် မိ သော ရန် သူ တို့ ကို၊ တစ် ယောက် မျှ ထွက် လွတ် ကြွင်း ကျန် မ ရှိ၊ လုပ် ကြံ ကြ၏။ Judson Bible အခြားသောသူတို့သည်လည်း မြို့ထဲကထွက်၍ တိုက်သောကြောင့် ဣသရေလအမျိုးသားတို့သည် အာဣလူတို့ကို ညှပ်၍တိုက်သဖြင့် တစ်ယောက်ကိုမျှမလွှတ် မကျန်ကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။ |
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ထိုနေ့မှာပင် ယောရှုသည် မက္ကဒါမြို့ကို သိမ်းပိုက်ပြီး မြို့သူမြို့သားနှင့် ရှင်ဘုရင်ကို ဓားဖြင့်လုပ်ကြံ၏။ သူတို့ကို တစ်ယောက်မကျန်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ မက္ကဒါဘုရင်ကို ပြုလေ၏။
သူတို့သည် မြို့ထဲရှိ ယောက်ျားမိန်းမကြီးကြီးငယ်ငယ်တို့နှင့် သိုးနွားမြည်းအားလုံးတို့ကို ဓားဖြင့် သတ်ဖြတ်လေ၏။
ကင်းပုန်းတပ်က မြို့ကိုသိမ်းပြီး မြို့ထဲမှမီးခိုးထွက်လာသည်ကို ယောရှုနှင့်အစ္စရေးတပ်သားအပေါင်းတို့ မြင်သောအခါ ပြန်လှည့်လာ၍ အာဣမြို့သားတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။
သင်တို့သည် မြို့ကိုသိမ်းပြီးသည်နှင့် မီးရှို့ပစ်ရမည်။ ထာဝရဘုရား၏အမိန့်တော်အတိုင်း သင်တို့ပြုရမည်။ သင်တို့ကို ငါအမိန့်ပေးပြီ”ဟု မှာကြားလေ၏။