ယောရှု 8:15 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည်လည်း စစ်ရှုံးဟန်ပြ၍ တောကန္တာရလမ်းအတိုင်း ပြေးကြလေ၏။ Common Language Bible ယောရှုနှင့်သူ၏တပ်သားတို့သည်စစ်ရှုံး ဟန်ဆောင်လျက် မြို့ပြင်ကွင်းထဲသို့ထွက်ပြေး လေ၏။- Garrad Bible ယော ရှု နှင့် ဣ သ ရေ လ တစ် တပ် လုံး ပါ ရှုံး ဟန် ပြု လျက်၊ သဲ က န္တာ ရ လမ်း ဖြင့် ဆုတ် ပြေး ကြ ရာ၊ Judson Bible ယောရှုနှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် ရှုံးဟန်ပြုလျက် တောလမ်းဖြင့် ပြေးကြ၏။ |
ယောသပ်အမျိုးသားတို့ မဲချ၍ရရှိသောအမွေမြေမှာ ဂျေရိခေါစမ်းရေတွင်းအရှေ့ဘက် ဂျေရိခေါမြို့အနီးရှိ ဂျော်ဒန်မြစ်မှ ကန္တာရတစ်လျှောက်ကိုဖြတ်၍ ဂျေရိခေါမြို့မှ ဗေသလတောင်ပေါ်ဒေသသို့တက်သွား၏။
သူတို့၏နယ်နိမိတ်မှာ မြောက်ဘက်ခြမ်းတွင် ဂျော်ဒန်မြစ်မှအစပြု၏။ ထိုမှ နယ်နိမိတ်သည် မြောက်ဘက်ဂျေရိခေါတောင်စောင်းတစ်လျှောက်သို့ တက်သွားပြီး အနောက်ဘက်တောင်ပေါ်ဒေသသို့ဆက်သွားကာ ဗေသဝင်တောကန္တာရတွင် ဆုံး၏။
ထိုသို့တပ်ချလျက်ရှိသည်ကို အာဣဘုရင် သိမြင်သောအခါ သူနှင့်သူ၏မြို့သားစစ်သည်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ရန် ချိန်းချက်ထားသည့်အတိုင်း စောစောထ၍ အရာဗလွင်ပြင်အရှေ့ဘက်သို့ အလျင်အမြန်စစ်ချီထွက်လေ၏။ သို့ရာတွင် သူသည် မြို့အနောက်ဘက်၌ ကင်းပုန်းချထားကြောင်းကို မသိ။
ထိုအခါ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ရှုံးနိမ့်ကြောင်း ရိပ်မိလေ၏။ အစ္စရေးအမျိုးသားတို့သည် ဂိဗာမြို့အနီး၌ ချထားသောတပ်ပုန်းကိုအားကိုး၍ ဗင်္ယာမိန်တို့ထံမှ ဆုတ်ခွာခဲ့သည့်အတိုင်း
ထို့ကြောင့် အစ္စရေးအမျိုးသားတို့ထံမှ ဆုတ်၍တောကန္တာရသို့ ထွက်ပြေးကြ၏။ သို့သော် အစ္စရေးတပ်သည် သူတို့ကို လိုက်တိုက်၏။ မြို့ရွာများမှလူတို့သည်လည်းထွက်လာ၍ သူတို့ထံသို့လာသောသူတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။