ယောရှုသည် နံနက်စောစောထ၍ စစ်သည်တို့ကိုစုစည်းပြီး အစ္စရေးလူမျိုးသက်ကြီးဝါကြီးတို့နှင့်အတူ စစ်သည်တို့ရှေ့မှနေ၍ အာဣမြို့သို့ ချီတက်လေ၏။
ယောရှု 8:11 - မြန်မာ့စံမီသမ္မာကျမ်း သူနှင့် စစ်သည်အပေါင်းတို့ ချီတက်သွား၍ မြို့အနီးသို့ရောက်သောအခါ အာဣမြို့မြောက်ဘက်၌ စခန်းချကြ၏။ သူတို့နှင့် အာဣမြို့အကြား၌ ချိုင့်ဝှမ်းရှိ၏။ Common Language Bible သူနှင့်အတူလိုက်ပါလာသောစစ်သူရဲတို့ သည် မြို့တံခါးမဘက်သို့ချီတက်၍မြောက် ဘက်တွင်စခန်းချကြသည်။ သူတို့၏စခန်း နှင့်မြို့အကြားတွင်ချိုင့်ဝှမ်းရှိ၏။- Judson Bible ယောရှု၌ပါသော စစ်သူရဲအပေါင်းတို့သည်လိုက်၍ မြို့အနီးသို့ ရောက်ပြီးလျှင်၊ မြို့မြောက်ဘက်၌ တပ်ချကြ၏။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တစ်ခုရှိ၏။ |
ယောရှုသည် နံနက်စောစောထ၍ စစ်သည်တို့ကိုစုစည်းပြီး အစ္စရေးလူမျိုးသက်ကြီးဝါကြီးတို့နှင့်အတူ စစ်သည်တို့ရှေ့မှနေ၍ အာဣမြို့သို့ ချီတက်လေ၏။
ယောရှုသည် စစ်သည်ငါးထောင်ခန့်ကိုခေါ်၍ အာဣမြို့အနောက်ဘက်၊ ဗေသလမြို့နှင့် အာဣမြို့အကြား၌ ကင်းပုန်းချထား၏။