ယုဒတပ်သားတို့လည်း ကြွေးကြော်လျက်နေ၏။ ထိုသို့ ယုဒတပ်သားတို့ကြွေးကြော်သောအခါ ဘုရားသခင်သည် ယေရောဗောင်မင်းကြီးနှင့်အစ္စရေးတပ်သားအပေါင်းတို့ကို အဘိယနှင့်ယုဒတပ်သားတို့ရှေ့၌ ရှုံးနိမ့်စေတော်မူ၏။
ယောရှု 6:20 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။ Common Language Bible ထို့ကြောင့်ယဇ်ပုရောဟိတ်တို့တံပိုးခရာ မှုတ်လျှင်မှုတ်ခြင်း လူအပေါင်းတို့သည် တခဲနက်ကြွေးကြော်ရာမြို့ရိုးများပြိုကျ လေ၏။ ဣသရေလအမျိုးသားအပေါင်းတို့ သည်မြို့တွင်းသို့အတားအဆီးမရှိဘဲ ဝင်ရောက်၍မြို့ကိုသိမ်းယူကြ၏။- Garrad Bible တပ် သား တို့ တပ် သံ ပေး ခြင်း၊ ပ ရော ဟိတ် တို့ တံ ပိုး မှုတ် ခြင်း ကို ပြု ကြ ကုန်၏။ ထို သို့ တံ ပိုး မှုတ် သံ ကို ကြား သော တပ် သား တို့ သည် ကျယ် စွာ တပ် သံ ပေး ကြ သော အ ခါ တစ် ပြိုင် နက် မြို့ ရိုး ပြို လဲ သ ဖြင့် အ သီး အ သီး တို့ တည့် တည့် တက် ဝင်၍ မြို့ ကို သိမ်း ယူ ကြ ရာ၊ Judson Bible ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကိုကြား၍ ကျယ်သောအသံနှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင်ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင်ပြီးလျှင် သိမ်းယူကြ၏။ |
ယုဒတပ်သားတို့လည်း ကြွေးကြော်လျက်နေ၏။ ထိုသို့ ယုဒတပ်သားတို့ကြွေးကြော်သောအခါ ဘုရားသခင်သည် ယေရောဗောင်မင်းကြီးနှင့်အစ္စရေးတပ်သားအပေါင်းတို့ကို အဘိယနှင့်ယုဒတပ်သားတို့ရှေ့၌ ရှုံးနိမ့်စေတော်မူ၏။
မြင့်သောမျှော်စင်ကြီးများ၊ ခိုင်ခံ့သောမြို့များကို ဆန့်ကျင်၍ တံပိုးမှုတ်ကြွေးကြော်သောနေ့ ဖြစ်လိမ့်မည်။
ယုံကြည်ခြင်းအားဖြင့် ဂျေရိခေါမြို့ကို ခုနစ်ရက်တိုင်တိုင် ဝိုင်းရံလှည့်ပတ်ကြရာ မြို့ရိုးသည်ပြိုကျလေ၏။
ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုသံရှည်ဆွဲ၍မှုတ်ရမည်။ တံပိုးမှုတ်သံကိုကြားသောအခါ လူအုပ်ကြီးသည် ကျယ်လောင်စွာအော်ဟစ်ရမည်။ ထိုအခါ မြို့ရိုးကြီး ပြိုကျလိမ့်မည်။ လူတိုင်း မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားရမည်”ဟု မိန့်တော်မူ၏။
တပ်စခန်းထဲသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရောက်လာသောအခါ အစ္စရေးလူမျိုးအပေါင်းတို့သည် မြေကြီးတုန်လှုပ်မတတ် ကျယ်လောင်စွာကြွေးကြော်ကြလေ၏။