သုံးရက်မြောက်သောနေ့၌ သူတို့နာကျင်လျက်နေကြသောအခါ ယာကုပ်၏သားနှစ်ယောက်ဖြစ်သော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည် ဓားကိုယ်စီကိုင်ဆောင်လျက် ထိုမြို့ထဲသို့ ရဲရင့်စွာဝင်ရောက်၍ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။
ယောရှု 5:8 - မြန်မာ့စံမီသမ္မာကျမ်း တစ်မျိုးသားလုံး အရေဖျားလှီးခြင်းကို ခံပြီးသောအခါ အနာပျောက်သည်အထိ တပ်စခန်း၌သာ နားနေကြ၏။ Common Language Bible အရေဖျားလှီးခြင်းမင်္ဂလာကိုစီရင်ပြီးနောက် ဣသရေလအမျိုးသားအပေါင်းတို့သည်အနာ ကျက်သည့်တိုင်အောင်စခန်းထဲတွင်နေထိုင် ကြလေသည်။- Garrad Bible တစ် မျိုး လုံး မင်္ဂ လာ ခံ ပြီး နောက် အ နာ မ ပျောက် မ ချင်း တပ် စ ခန်း၌ နေ ရ ကြ စဉ် Judson Bible လူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကိုခံပြီးမှ၊ အနာမပျောက်မီတိုင်အောင် တပ်ထဲ၌ နေကြ၏။ |
သုံးရက်မြောက်သောနေ့၌ သူတို့နာကျင်လျက်နေကြသောအခါ ယာကုပ်၏သားနှစ်ယောက်ဖြစ်သော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည် ဓားကိုယ်စီကိုင်ဆောင်လျက် ထိုမြို့ထဲသို့ ရဲရင့်စွာဝင်ရောက်၍ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။
သူတို့၏နေရာတွင် နောက်ထပ်မွေးဖွားလာသောသားမြေးတို့သည် အရေဖျားလှီးခြင်းကိုမခံရသေးသောသူများဖြစ်၍ ခရီးသွားနေစဉ်အတွင်း အရေဖျားလှီးခြင်းမခံရသေးသောကြောင့် ယောရှုသည် သူတို့ကို အရေဖျားလှီးပေး၏။
တစ်ဖန် ထာဝရဘုရားက ယောရှုအား “သင်တို့ခံရသောအီဂျစ်ပြည်သားတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ယနေ့ ငါဖယ်ရှားပစ်ပြီ”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်ခေါ်ဆိုလေ၏။