အစ္စရေးအမျိုးသားတို့သည် သူတို့အခြေချနေထိုင်မည့်ပြည်သို့မရောက်မချင်း အနှစ်လေးဆယ်ပတ်လုံး မန္နမုန့်ကိုစားကြ၏။ သူတို့သည် ခါနာန်ပြည်နယ်နိမိတ်သို့မရောက်မချင်း မန္နမုန့်ကိုစားကြ၏။
ယောရှု 5:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်ထွက်အစားအစာကိုစားပြီး နောက်တစ်နေ့တွင် မန္နမုန့်ပြတ်လေ၏။ အစ္စရေးအမျိုးသားတို့သည် မန္နမုန့်ကို မစားရကြတော့ပေ။ ထိုနှစ်တွင် ခါနာန်ပြည်ထွက်အသီးအနှံကို စားရကြ၏။ Common Language Bible ထိုနေ့မှစ၍မန္နမုန့်ကောင်းကင်မှမကျသဖြင့် ဣသရေလအမျိုးသားတို့သည်မန္နမုန့်ကို မစားရတော့ချေ။ ထိုအချိန်မှစ၍သူတို့ သည်ခါနာန်ပြည်ထွက်အသီးအနှံများကို စားရကြသည်။ Garrad Bible စား ကြ ပြီး နောက် မ န္န မုန့် ကွယ်၍၊ ထို မ န္န မုန့် ကို ဣ သ ရေ လ အ မျိုး သား တို့ နောက် တစ် ဖန် မ စား ရ ကြ ချေ။ ထို နှစ် တွင် ပင် ခါ နာန် မြေ ထွက် ကို စား ရ ကြ၏။ Judson Bible ခါနာန်ပြည် စပါးကိုစား၍၊ နက်ဖြန်နေ့၌ မန္နပြတ်လေ၏။ နောက်တစ်ဖန် ဣသရေလအမျိုးသားတို့သည် မန္နကိုမရကြ။ ထိုနှစ်တွင် ခါနာန်ပြည်၌ဖြစ်သော အသီးအနှံကို စားရကြ၏။ |
အစ္စရေးအမျိုးသားတို့သည် သူတို့အခြေချနေထိုင်မည့်ပြည်သို့မရောက်မချင်း အနှစ်လေးဆယ်ပတ်လုံး မန္နမုန့်ကိုစားကြ၏။ သူတို့သည် ခါနာန်ပြည်နယ်နိမိတ်သို့မရောက်မချင်း မန္နမုန့်ကိုစားကြ၏။
သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။
ထိုပြည်၏အစားအစာကို သင်တို့စားရသောအခါ ထာဝရဘုရားအား အလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။
သင်တို့လုပ်အားမစိုက်ခဲ့သောအရာကို ရိတ်သိမ်းရန် သင်တို့အား ငါစေလွှတ်၏။ အခြားသောသူတို့သည် လုပ်အားစိုက်ခဲ့၍ သင်တို့သည် ထိုသူတို့၏အားစိုက်မှုရလဒ်၌ ပါဝင်ရကြ၏”ဟု မိန့်တော်မူ၏။
ပသခါပွဲတော်ကျင်းပပြီးနောက်တစ်နေ့တွင် ထိုပြည်ထွက်တဆေးမဲ့မုန့်နှင့် မုန့်ဆန်းကို ထိုနေ့ချင်းတွင် စားကြ၏။