ပသခါပွဲတော်ကျင်းပပြီးနောက်တစ်နေ့တွင် ထိုပြည်ထွက်တဆေးမဲ့မုန့်နှင့် မုန့်ဆန်းကို ထိုနေ့ချင်းတွင် စားကြ၏။
နောက်တစ်နေ့၌သူတို့သည်ပထမဦးဆုံးအကြိမ် အနေဖြင့် ခါနာန်ပြည်ထွက်စပါးနှင့်ပြုလုပ် သောပေါက်ပေါက်နှင့်တဆေးမပါသောမုန့်ကို စားရကြသည်။-
နောက် နေ့ ခါ နာန် စ ပါး ဖြင့် လုပ် သော တ ဆေး မဲ့ မုန့် နှင့် မုန့် ဆန်း ကို နေ့ ချင်း စား ကြ ရာ၊
ပသခါပွဲကို ခံပြီးမှ၊ နက်ဖြန်နေ့၌ ခါနာန်စပါးဖြင့်လုပ်သော တဆေးမဲ့မုန့်နှင့် ပေါက်ပေါက်ကို တစ်နေ့ချင်းတွင် စားရကြ၏။
သင်တို့ပူဇော်မည့်မုန့်ဖြစ်စေ၊ သီးနှံအခြောက်ဖြစ်စေ၊ သီးနှံအစိုဖြစ်စေ သင်တို့၏ဘုရားသခင်ထံသို့ ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည့်နေ့မရောက်မချင်း မစားရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
ထာဝရဘုရားအဖို့ တဆေးမဲ့မုန့်ပွဲတော်ကို ထိုလ တစ်ဆယ့်ငါးရက်နေ့တွင် ကျင်းပရမည်။ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကို စားရမည်။
ထိုပြည်၏အစားအစာကို သင်တို့စားရသောအခါ ထာဝရဘုရားအား အလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။
အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။
ထိုပြည်ထွက်အစားအစာကိုစားပြီး နောက်တစ်နေ့တွင် မန္နမုန့်ပြတ်လေ၏။ အစ္စရေးအမျိုးသားတို့သည် မန္နမုန့်ကို မစားရကြတော့ပေ။ ထိုနှစ်တွင် ခါနာန်ပြည်ထွက်အသီးအနှံကို စားရကြ၏။