ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍အိုမင်းလာသောအခါ အနွေးထည်များ ဝတ်ပေးသော်လည်း မနွေးနိုင်တော့ပေ။
ယောရှု 23:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယောရှုက အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ သက်ကြီးဝါကြီးများ၊ အကြီးအမှူးများ၊ တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကိုခေါ်ပြီးလျှင် “ငါသည် အသက်အရွယ်ကြီးရင့်ပြီ။ Common Language Bible ထို့ကြောင့်သူသည်ဣသရေလအမျိုးသား အကြီးအကဲများ၊ ခေါင်းဆောင်များ၊ တရား သူကြီးများ၊ အရာရှိများမှစ၍အမျိုး သားအပေါင်းတို့ကိုဆင့်ခေါ်ပြီးလျှင်``ငါ သည်အသက်ကြီးရင့်၍အိုမင်းလာပြီ ဖြစ်သည်။- Garrad Bible ယော ရှု သည် အို မင်း လှ သော အ ခါ ဣ သ ရေ လ တစ် မျိုး လုံး အ နက်၊ လူ ကြီး၊ အ အုပ် အ ချုပ်၊ တ ရား သူ ကြီး၊ အ ကြီး အ မှူး တို့ ကို ခေါ် ၍၊ ငါ သည် အို မင်း လှ ပြီ။ Judson Bible ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသားအပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။ |
ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍အိုမင်းလာသောအခါ အနွေးထည်များ ဝတ်ပေးသော်လည်း မနွေးနိုင်တော့ပေ။
ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ရှောလမုန်မင်းကြီးရှိရာ ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။
အစ္စရေးအကြီးအကဲအပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများကို စုဝေးစေ၏။
ရာမမြို့သားရှိမိသည် စပျစ်ခြံများကို ကြီးကြပ်ပေးရ၏။ ရှိဖမိမြို့သားဇာဗဒိသည် စပျစ်ဝိုင်သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။
ဤစကားများကို သူတို့ကြားအောင် ငါပြောကြားနိုင်မည့်အကြောင်း၊ ကောင်းကင်နှင့်မြေကြီးကိုတိုင်တည်ပြီး သူတို့ကိုဆန့်ကျင်သည့်သက်သေကိုထူနိုင်မည့်အကြောင်း သင်တို့မျိုးနွယ်များ၏သက်ကြီးဝါကြီးများ၊ သင်တို့၏ကြီးကြပ်အုပ်ချုပ်သူများ အားလုံးကို ငါ့ထံ၌ စုရုံးစေလော့။
ယောရှု အသက်ကြီး၍ အိုမင်းလာသောအခါ ထာဝရဘုရားက သူ့အား “သင် အသက်ကြီး၍ အိုမင်းလာပြီ။ သို့သော် သိမ်းပိုက်ရမည့်ပြည် အများအပြားကျန်သေး၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက် ဤလူမျိုးခြားအပေါင်းတို့အား မည်သို့ပြုတော်မူခဲ့သည်ကို သင်တို့တွေ့မြင်ခဲ့ကြပြီ။ သင်တို့အတွက် စစ်တိုက်ပေးတော်မူသောအရှင်ကား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေတည်း။
ထို့နောက် ယောရှုသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို ရှေခင်မြို့၌ စုဝေးစေပြီးလျှင် အစ္စရေးသက်ကြီးဝါကြီးများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများနှင့် ကြီးကြပ်သူများကို ဆင့်ခေါ်သဖြင့် သူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်၌ရပ်နေကြ၏။
ယခုမှာ ကြည့်ရှုလော့။ သင်တို့ကို ဦးဆောင်မည့် ရှင်ဘုရင်မှာ သူပင်ဖြစ်၏။ ငါမူကား အသက်ကြီး၍ ဆံပင်ဖြူလေပြီ။ ငါ့သားတို့လည်း သင်တို့နှင့်အတူရှိ၏။ ငါသည် ငယ်စဉ်မှစ၍ ယနေ့အထိ သင်တို့ကို ဦးဆောင်ပေးခဲ့ပြီ။