စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
ယောရှု 21:11 - မြန်မာ့စံမီသမ္မာကျမ်း သူတို့အား ယုဒတောင်ပေါ်ဒေသရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ပေးလေ၏။ (အာဘသည် အာနက၏ဖခင်ဖြစ်၏။) Common Language Bible ယုဒနယ်မြေတောင်ကုန်းဒေသရှိယခုအခါ ဟေဗြုန်မြို့ဟုနာမည်တွင်သောအာဘမြို့(အာဘ သည်အာနက၏အဖဖြစ်၏) နှင့်တကွပတ်ဝန်း ကျင်ရှိစားကျက်များကိုသူတို့အားပေးကြ၏။- Garrad Bible ယု ဒ ခင် တန်း ရှိ အာ န က အ ဘ အာ ဘ၏ မြို့၊ ကိ ရ ယ သာ ဘ ခေါ် ဟေ ဗြုန် မြို့ ကို စား ကျက် ပါ ပေး ရာ၊ Judson Bible ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ၊ အာဘနေသောမြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။ |
စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
ထို့နောက် ယာကုပ်သည် မံရေမြို့တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘမြို့ရှိ မိမိဖခင်ဣဇက်ထံသို့သွား၏။ ထိုမြို့သည် အာဗြဟံနှင့်ဣဇက်တို့တည်းခိုနေထိုင်သောမြို့ဖြစ်၏။
လေးနှစ်မျှကြာလာသောအခါ အဗရှလုံက ရှင်ဘုရင်အား “အကျွန်ုပ်သည် ထာဝရဘုရားထံ ကတိသစ္စာပြုခဲ့သည့်အတိုင်း ကတိသစ္စာဝတ်ကိုဖြေရန် ဟေဗြုန်မြို့သို့ သွားပါရစေ။
သူတို့အား ယုဒနယ်မြေရှိ ဟေဗြုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ခွဲဝေပေး၏။
ထိုနေ့ရက်များတွင် မာရိသည်ထ၍ တောင်ပေါ်ဒေသ၌ရှိသော ယုဒပြည်၏မြို့တစ်မြို့သို့ အလျင်အမြန်သွား၍
ယခု ဟေဗြုန် ဟုခေါ်သောမြို့သည် ယခင်က ကိရယအာဘမြို့ဟုခေါ်၏။ အာဘသည် အာနကလူမျိုးတို့တွင် အကြီးအကဲဖြစ်၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။
ဟုန္တမြို့၊ ဟေဗြုန် ခေါ် ကိရယအာဘမြို့၊ ဇိအောရမြို့ စသည့်မြို့ပေါင်းကိုးမြို့နှင့်ရွာများ ပါ၏။
လေဝိအမျိုးအနွယ်၊ ကောဟတ်မျိုးနွယ်စုများထဲမှာ အာရုန်၏သားမြေးများသည် ပထမဆုံးမဲကျသောကြောင့် သူတို့အား ထိုမြို့များကို ခွဲဝေပေး၏။
ထိုမြို့ဝန်းကျင်ရှိကျေးရွာနှင့် လယ်မြေများကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးလေ၏။
တစ်ဖန် ယုဒအမျိုးသားတို့သည် ယခင်က ကိရယအာဘဟုခေါ်သော ဟေဗြုန်မြို့ရှိ ခါနာန်လူမျိုးတို့ထံသို့ ချီတက်သွား၍ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို သတ်ပစ်၏။
ဟေဗြုန်မြို့သားများ စသည်တို့မှစ၍ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ သွားလာခဲ့သောမြို့ရှိသမျှတို့သို့လည်း ပေးလိုက်လေ၏။