အတင်းအဖျင်းလိုက်ပြောသောသူသည် လျှို့ဝှက်ချက်ကိုပေါက်ကြားစေတတ်၏။ ယုံကြည်စိတ်ချရသောစိတ်သဘောရှိသူမူကား အမှုကိစ္စကို ဖုံးကွယ်ထားတတ်၏။
ယောရှု 2:20 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငါတို့လာသောသတင်းကို ပေါက်ကြားစေလျှင် ငါတို့အား သင်ကျိန်ဆိုစေခဲ့သောအကျိန်မှ ငါတို့ကင်းလွတ်၏”ဟု ရာခပ်အား ဆိုလေ၏။ Common Language Bible သို့ရာတွင်သင်သည်ငါတို့လာရောက်သည့် ကိစ္စကို တစ်စုံတစ်ယောက်အားပေါက်ကြားစေ လျှင်မူကားငါတို့ပေးသောကတိတည်ရန် မလို'' ဟုရာခပ်အားပြောကြားလေသည်။- Garrad Bible ငါ တို့ အ မှု အ ရေး ကို သင် ဖော် ပြ လျှင် လည်း သင် ပေး သော သ စ္စာ ဝန် နှင့် ငါ တို့ ကင်း လိမ့် မည် ဟု ဆို ကြ သော အ ခါ Judson Bible ငါတို့အမှုကိုလည်း သင်သည်ဖော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေဟုဆိုလျှင်၊ |
အတင်းအဖျင်းလိုက်ပြောသောသူသည် လျှို့ဝှက်ချက်ကိုပေါက်ကြားစေတတ်၏။ ယုံကြည်စိတ်ချရသောစိတ်သဘောရှိသူမူကား အမှုကိစ္စကို ဖုံးကွယ်ထားတတ်၏။
သင့်အိမ်အပြင်ဘက် လမ်းပေါ်သို့ထွက်သွားသောသူ မည်သူမဆို သူ့သွေးသည် သူ့ခေါင်းပေါ်၌တည်စေ။ ငါတို့၌အပြစ်မရှိ။ သင့်အိမ်ထဲ၌ရှိသောသူ တစ်စုံတစ်ယောက်ကို ငါတို့လက်လွန်မိလျှင် သူ့သွေးသည် ငါတို့ခေါင်းပေါ်တည်စေ။
ရာခပ်ကလည်း “သင်တို့စကားအတိုင်းဖြစ်ပါစေ”ဟု ဆိုပြီး သူတို့ကိုလွှတ်လိုက်သဖြင့် သူတို့သည် ထွက်သွားကြ၏။ ရာခပ်သည်လည်း ကြိုးနီကို ပြတင်းပေါက်၌ချည်ထားလေ၏။