ထိုမြို့တို့၏ဝန်းကျင်ရှိရွာများမှစ၍ ဗာလမြို့နှင့်ဝန်းကျင်ရှိရွာများတိုင်အောင် နေထိုင်ကြ၏။ ဤသည်ကား သူတို့နေထိုင်ရာမြို့ရွာများနှင့် သူတို့၏မျိုးရိုးစဉ်ဆက်မှတ်တမ်းဖြစ်၏။
ယောရှု 19:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုမြို့များနှင့် ဝန်းကျင်ရှိမြို့ရွာများမှစ၍ ရာမုတ်နေဂေ့ ခေါ် ဗာလတ်ဗေရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများလည်း ပါ၏။ ဤသည်ကား ရှိမောင်အမျိုးအနွယ်၏မျိုးနွယ်စုအလိုက် ရသောအမွေမြေဖြစ်၏။ Common Language Bible ထိုမြို့ကြီးများ၏ပတ်ဝန်းကျင်ရှိမြို့များ မှာတောင်ဘက်ဗာလတ်ဗေရမြို့(ရာမတ်မြို့) အထိတည်ရှိသောမြို့အားလုံးပါဝင်လေ သည်။ ဤနယ်မြေသည်ရှိမောင်အနွယ်မိသား စုတို့ပိုင်သောနယ်မြေဖြစ်သည်။- Garrad Bible နေ ဂပ် ခ ရိုင် ရှိ၊ ဗာ လတ် ဗေ ရ ခေါ် ရာ မ မြို့ အ ထိ၊ ထက် ဝန်း ကျင် ရှိ သ မျှ သော ရွာ များ တည်း။ အိမ် ထောင် အ လိုက်၊ ရှိ မောင့် အ နွယ် သား တို့ ရ သော အ ပိုင် ကား၊ ထို သို့ ပင် တည်း။ Judson Bible ထိုမှတစ်ပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာမတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်းကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။ |
ထိုမြို့တို့၏ဝန်းကျင်ရှိရွာများမှစ၍ ဗာလမြို့နှင့်ဝန်းကျင်ရှိရွာများတိုင်အောင် နေထိုင်ကြ၏။ ဤသည်ကား သူတို့နေထိုင်ရာမြို့ရွာများနှင့် သူတို့၏မျိုးရိုးစဉ်ဆက်မှတ်တမ်းဖြစ်၏။
အဣနမြို့၊ ရိမ္မုန်မြို့၊ ဧသာမြို့၊ အာရှန်မြို့ စသည့်မြို့ပေါင်းလေးမြို့နှင့် ရွာများ ပါ၏။
ယုဒအမျိုးအနွယ်၏အမွေမြေသည် အလွန်ကျယ်ဝန်းသောကြောင့် သူတို့၏အမွေမြေထဲမှ ရှိမောင်အမျိုးအနွယ်ကို အမွေမြေခွဲပေး၏။ ထို့ကြောင့် ရှိမောင်အမျိုးအနွယ်သည် ယုဒအမျိုးအနွယ်၏အမွေမြေထဲမှ အမွေရခြင်းဖြစ်၏။