ယောရှု 19:49 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ အမွေမြေကို နယ်နိမိတ်နှင့်တကွ ခွဲဝေပြီးသောအခါ အစ္စရေးအမျိုးသားတို့သည် နုန်၏သားယောရှုကို အမွေမြေပေးကြ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်တိုင်းပြည် တစ်ပြည်လုံးကိုခွဲဝေပြီးသောအခါ နုန် ၏သားယောရှုအတွက်မြေယာတစ်ခုကို သတ်မှတ်ပေးကြသည်။- Garrad Bible ထို သို့ ဣ သ ရေ လ အ မျိုး သား တို့ သည် အ ပိုင် ရ သော ပြည် နယ် ကို နယ် စပ် အ လိုက်၊ အ ပြီး သတ် ပိုင်း ခြား ပြီး မှ ထာ ဝ ရ ဘု ရား အ မိန့် တော် အ ရ၊ နေ ပြည် အ တွင်း ဧ ဖ ရိမ် ခင် တန်း ရှိ၊ နုန့် သား ယော ရှု တောင်း သော တိ မ နဿေ ရ မြို့ ကို အ ပိုင် ပေး ကြ သ ဖြင့် ယော ရှု လည်း မြို့ ကို ချဲ့ တည် လျက် နေ ထိုင် ၏။ Judson Bible ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတစ်ပြင်လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကို ပေးကြ၏။ |
ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း သူတို့သည် နုန်၏သားယောရှု တောင်းဆိုသော ဧဖရိမ်တောင်ပေါ်ဒေသရှိ တိမနသေရမြို့ကို သူ့အားပေးလေ၏။ သူသည်လည်း မြို့ကိုတည်၍ နေထိုင်လေ၏။
ဂါရှတောင်၏မြောက်ဘက်၊ ဧဖရိမ်တောင်ပေါ်ဒေသရှိ သူအမွေမြေရထားသော တိမနသေရမြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။