ယောရှု 19:33 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏နယ်နိမိတ်သည် ဟေလပ်မြို့၊ ဝက်သစ်ချတောရှိရာ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ ယာဗနေလမြို့ တို့မှ လာကုံမြို့အထိရောက်၍ ဂျော်ဒန်မြစ်တွင် ဆုံး၏။ Common Language Bible ထိုနယ်မြေ၏နယ်နိမိတ်သည်ဟေလပ်မြို့၊ ဇာနန္နိမ်မြို့အရပ်ရှိဝက်သစ်ချပင်မှအစ ပြု၍အာဒမိနေကပ်မြို့၊ ယာဗနေလမြို့ နှင့်လကုံမြို့များကိုဖြတ်ပြီးယော်ဒန်မြစ် ၌အဆုံးသတ်သည်။- Judson Bible သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ဆုံးလေ၏။ |
တစ်ဖန် နယ်နိမိတ်သည် အနောက်ဘက်သို့လှည့်သွား၍ အာဇနုတ္တာဘော်မြို့မှ ဟုကုတ်မြို့သို့ ဆက်လာ၏။ တောင်ဘက်တွင် ဇာဗုလုန်နယ်နိမိတ်၊ အနောက်ဘက်တွင် အာရှာနယ်နိမိတ်၊ နေထွက်ရာအရပ်ဘက်တွင် ယုဒနယ်နိမိတ်နှင့် ဂျော်ဒန်မြစ်၌ ထိစပ်လျက်ရှိ၏။
ထိုစဉ်က ကေနိလူမျိုး၊ ဟေဗာသည် မောရှေယောက္ခမဟောဗပ်၏သားမြေးများဖြစ်သည့် ကေနိလူမျိုးတို့မှ ခွဲထွက်၍ ကေဒေရှမြို့အနီး၊ ဇာနန္နိမ်အရပ်ရှိ ဝက်သစ်ချပင်အောက်တွင် တဲထိုးနေ၏။