ထိုမှ နယ်နိမိတ်သည် ဗက်ဟောဂလအရပ်သို့ တက်သွားပြီး မြောက်ဘက်ဗေသရာဗအရပ်သို့ ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရုဗင်အမျိုးသား ဗောဟန်၏ကျောက်တိုင်ရှိရာသို့ တက်သွား၏။
ယောရှု 18:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုမှ မြောက်ဘက်အရပ်သို့ကွေ့သွား၍ အင်ရှေမက်အရပ်သို့ရောက်၏။ ထိုမှ အဒုမ္မိမ်တောင်ကုန်းနှင့်မျက်နှာချင်းဆိုင် ဂေလိလုတ်အရပ်သို့ဆက်လာပြီး ရုဗင်အမျိုးသား ဗောဟန်၏ကျောက်တိုင်ရှိရာသို့ ရောက်၏။ Common Language Bible ထိုမှတစ်ဖန်မြောက်ဘက်အင်ရှေမက်ရွာသို့ ကွေ့ပြီးလျှင် အဒုမ္မိမ်တောင်ကြားတစ်ဘက် တွင်ရှိသောဂေလိလုတ်ရွာသို့ရောက်သည်။ ထိုနောက်ဗောဟန်၏ကျောက်(ဗောဟန်သည်ရုဗင် ၏သားဖြစ်၏) သို့ဆင်းလာပြီးလျှင်၊- Garrad Bible မြောက် မျက် နှာ သို့ လှည့် သ ဖြင့် အင် ရှေ မက် မြို့ သို့ လည်း ကောင်း၊ အ ဒု မ္မိမ် တောင် ကြား ရင် ဆိုင် ဂေ လိ လုတ် မြို့ သို့ လည်း ကောင်း၊ ရု ဗင့် သား ဗော ဟန်၏ ကျောက် တိုင် သို့ လည်း ကောင်း၊ ရောက် လေ ၏။ Judson Bible မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့လည်းကောင်း၊ အဒုမ္မိမ်ကုန်းတစ်ဖက် ဂေလိလုတ်ရွာသို့လည်းကောင်း၊ ရုဗင်သားဗောဟန်၏ ကျောက်သို့လည်းကောင်း ရောက်လေ၏။ |
ထိုမှ နယ်နိမိတ်သည် ဗက်ဟောဂလအရပ်သို့ တက်သွားပြီး မြောက်ဘက်ဗေသရာဗအရပ်သို့ ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရုဗင်အမျိုးသား ဗောဟန်၏ကျောက်တိုင်ရှိရာသို့ တက်သွား၏။
တစ်ဖန် နယ်နိမိတ်သည် အာခေါ်ချိုင့်ဝှမ်းမှ ဒေဗိရဘက်သို့ တက်သွား၍ ချိုင့်ဝှမ်းတောင်ဘက်ရှိ အဒုမ္မိမ်တောင်ကုန်းမျက်နှာချင်းဆိုင် မြောက်ဘက်ဂိလဂါလအရပ်သို့ လှည့်သွား၏။ ထိုမှ နယ်နိမိတ်သည် အင်ရှေမက်စမ်းရေတွင်းကိုဖြတ်၍ အင်္ရောဂေလအရပ်၌ ဆုံး၏။
ထိုမှ အရာဗလွင်ပြင်မြောက်ဘက်မျက်နှာချင်းဆိုင် တောင်စောင်းတစ်လျှောက် ဆက်ဆင်းလာပြီး အရာဗလွင်ပြင်သို့ ရောက်၏။