ယောရှု 18:11 - မြန်မာ့စံမီသမ္မာကျမ်း ပထမအကြိမ်မဲချရာတွင် ဗင်္ယာမိန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျလေ၏။ သူတို့မဲကျသောနယ်မြေမှာ ယုဒအမျိုးသားနှင့် ယောသပ်အမျိုးသား ကြား၌နေရာကျ၏။ Common Language Bible ဗင်္ယာမိန်အနွယ်မိသားစုတို့ရရှိမည့်နယ် မြေကိုဦးစွာသတ်မှတ်ပေးလေသည်။ သူတို့ အတွက်နယ်မြေသည်ယုဒအနွယ်နှင့် ယော သပ်အနွယ်တို့၏နယ်မြေများစပ်ကြား တွင်တည်ရှိသည်။- Garrad Bible အိမ် ထောင် အ လိုက် ဗင်္ယာ မိန့် အ နွယ် သား တို့ မဲ ကျ၍ ရ သော နယ် သည် ယု ဒ နှင့် ယော သပ် အ နွယ် သား တို့ ကြား တွင် ကျ ၏။ Judson Bible ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ခံရသောမြေသည် ယုဒအမျိုးသားတို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာကျ၏။ |
ဣရှဗောရှက်ကို ဂိလဒ်အမျိုး၊ အာရှာအမျိုး၊ ယေဇရေလအမျိုး၊ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုးမှစ၍ အစ္စရေးတစ်မျိုးလုံး၏ဘုရင်အဖြစ် တင်မြှောက်လေ၏။
ကျန်မျိုးနွယ်များအတွက်ဝေစုမှာ အလှူမြေနားကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဗင်္ယာမိန်အမျိုး၏ဝေစုဖြစ်ရမည်။
ယောရှုလည်း ရှိလောမြို့တွင် ထာဝရဘုရားရှေ့တော်၌ မဲချ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်စုအလိုက် အမွေမြေကို ခွဲဝေပေး၏။
သူတို့၏နယ်နိမိတ်မှာ မြောက်ဘက်ခြမ်းတွင် ဂျော်ဒန်မြစ်မှအစပြု၏။ ထိုမှ နယ်နိမိတ်သည် မြောက်ဘက်ဂျေရိခေါတောင်စောင်းတစ်လျှောက်သို့ တက်သွားပြီး အနောက်ဘက်တောင်ပေါ်ဒေသသို့ဆက်သွားကာ ဗေသဝင်တောကန္တာရတွင် ဆုံး၏။