ယာနောမြို့မှ အတရုတ်မြို့၊ နာရမြို့တို့ဘက်သို့ ဆင်းသွားပြီး ဂျေရိခေါမြို့သို့ရောက်၍ ဂျော်ဒန်မြစ်၌ ဆုံးလေ၏။
ထိုနောက်ယနောဟမြို့မှအတရုတ်မြို့ နှင့်နာရတ်မြို့များဘက်သို့ဆင်းလာပြီး နောက် ယေရိခေါမြို့သို့ရောက်၍ယော်ဒန် မြစ်တွင်အဆုံးသတ်သည်။-
ယ နော ဟ မြို့ အ ရှေ့ သို့ ရောက် ပြီး မှ အ တ ရုတ်၊ နာ ရ၊ ယေ ရိ ခေါ မြို့ များ သို့ ဆင်း လျက် ယော် ဒန် မြစ်၌ ဆုံး လေ ၏။
ယနောဟမြို့သို့လည်းကောင်း၊ ယနောဟမြို့မှ အတရုတ်မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့လည်းကောင်း ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။
ဧဖရိမ်အမျိုးပိုင်ဆိုင်သောမြေနှင့် နေထိုင်ရာအရပ်များမှာ ဗေသလမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အရှေ့ဘက်တွင် နာရန်မြို့၊ အနောက်ဘက်တွင် ဂေဇာမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ ရှေခင်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာယမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊
အာဗရိမ်တောင်မှ ခရီးပြု၍ ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ စခန်းချကြ၏။
ထိုနယ်နိမိတ်သည် ပင်လယ်ဘက်သို့ရောက်၍ မြောက်ဘက်မိတ်မေသမြို့အထိရောက်၏။ ထိုမှ အရှေ့ဘက်တာနတ်ရှိလောမြို့သို့ ကွေ့သွားကာ အရှေ့ဘက် ယာနောမြို့သို့ ရောက်၏။
အထက်မှစီးဆင်းလာသောရေသည် ရပ်၍ အလှမ်းဝေးသောဇာရတန်မြို့အနီးရှိအာဒံမြို့အထိ တစ်ဖက်တည်း၌စုပုံလျက် တန့်နေ၏။ အရာဗပင်လယ်ဟုခေါ်သော ဆားပင်လယ်တိုင်အောင် စီးဆင်းသောရေသည် လုံးလုံးပြတ်သွား၏။ လူတို့သည်လည်း တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့သို့ ကူးသွားကြ၏။
အစ္စရေးအမျိုးသားတို့သတင်းကြောင့် ဂျေရိခေါမြို့တံခါးတို့ကို လုံခြုံစွာပိတ်ထားကြ၏။ ဝင်ထွက်သောသူ တစ်ယောက်မျှမရှိ။
ထိုအချိန်တွင် ယောရှုက “ဂျေရိခေါမြို့ရိုးကို ထ၍တည်ဆောက်သူသည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေ။ မြို့ရိုးအုတ်မြစ်ကိုချလျှင် သားဦးသေပါစေ။ မြို့တံခါးကိုတည်လျှင် သားထွေးသေပါစေ”ဟု ကျိန်လေ၏။