ထို့နောက်တွင် ဂေဇာမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲဖြစ်ရာ ဟုရှသိလူမျိုးသိဗေခဲသည် ရေဖိမ်အနွယ်ဝင်သိပ္ပဲကို သတ်လိုက်သဖြင့် ဖိလိတ္တိလူမျိုးတို့ ရှုံးနိမ့်လေ၏။
ယောရှု 16:3 - မြန်မာ့စံမီသမ္မာကျမ်း အနောက်ဘက် ယာဖလက်နယ်နိမိတ်သို့ ဆင်းသွား၍ အောက်ဗေသောရုန်နယ်နိမိတ်မှ ဂေဇာမြို့အထိဆက်သွားပြီး ပင်လယ်၌ဆုံးလေ၏။ Common Language Bible တစ်ဖန်အနောက်ဘက်ယာဖလေတိအမျိုး သားတို့နေထိုင်ရာအောက်ဗက်ဟောရုန်ဒေသ သို့ရောက်သည်။ ထိုမှတစ်ဖန်ဂေဇာမြို့ကိုဖြတ် ပြီးလျှင်မြေထဲပင်လယ်တွင်အဆုံးသတ် လေသည်။ Garrad Bible အာ ခိ လူ မျိုး နယ် စပ် ကို လျှောက် လျက်၊ အ နောက် မျက် နှာ၊ အောက် ဗေ သော ရုန်၊ ဂေ ဇာ မြို့ များ အ ထိ၊ ယာ ဖ လက် လူ မျိုး နယ် စပ် ကို လျှောက်၍ ပင် လယ်၌ ဆုံး လေ ၏။ Judson Bible အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့လည်းကောင်း၊ အောက်ဗက်ဟောရုန်မြို့သို့လည်းကောင်း၊ ဂေဇာမြို့သို့လည်းကောင်း ရောက်၍ ပင်လယ်၌ဆုံးလေ၏။ |
ထို့နောက်တွင် ဂေဇာမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲဖြစ်ရာ ဟုရှသိလူမျိုးသိဗေခဲသည် ရေဖိမ်အနွယ်ဝင်သိပ္ပဲကို သတ်လိုက်သဖြင့် ဖိလိတ္တိလူမျိုးတို့ ရှုံးနိမ့်လေ၏။
ဧဖရိမ်၏သမီး ရှေရသည် အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့နှင့် ဩဇင်ရှေရမြို့တို့ကို တည်ထောင်ခဲ့သူ ဖြစ်၏။
ဧဖရိမ်အမျိုးပိုင်ဆိုင်သောမြေနှင့် နေထိုင်ရာအရပ်များမှာ ဗေသလမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အရှေ့ဘက်တွင် နာရန်မြို့၊ အနောက်ဘက်တွင် ဂေဇာမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ ရှေခင်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာယမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊
မြို့ရိုးများ၊ မြို့တံခါးများ၊ ကန့်လန့်ကျင်များပါရှိသည့် ခံတပ်မြို့ဖြစ်သော အထက်ဗေသောရုန်မြို့နှင့် အောက်ဗေသောရုန်မြို့တို့ကိုလည်း ပြန်လည်တည်ဆောက်၏။
အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်နှင့်ကမ်းရိုးတန်းတို့ဖြစ်ရမည်။ ဤသည်ကား သင်တို့အဖို့ အနောက်ဘက်နယ်နိမိတ်ဖြစ်မည်။
ထိုအခါ ဂေဇာဘုရင်ဟောရံမင်းကြီးသည် လာခိရှဘုရင်ကို စစ်ကူပေးရန် ချီလာ၏။ ယောရှုသည် ထိုဘုရင်နှင့်သူ၏စစ်သည်တို့ကို အသက်ရှင်ကျန်ရစ်သူမရှိအောင် ချေမှုန်းလေ၏။
တစ်ဖန် ထိုနယ်နိမိတ်သည် ဗေသလ ခေါ် လုဇမြို့သို့ရောက်၍ တောင်ဘက်ရှိလုဇတောင်စောင်းတစ်လျှောက်သို့ ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် အောက်ဗေသောရုန်မြို့၏တောင်ဘက် တောင်တန်းပေါ်ရှိ အတရုတ်အဒ္ဒါမြို့သို့ ဆင်းသွား၏။
နောက်တစ်ကြောင်းမှာ ဗေသောရုန်မြို့သို့သွားသောလမ်းအတိုင်းသွား၏။ ကျန်တစ်ကြောင်းမှာ ဇေဘိုင်ချိုင့်ဝှမ်းကိုအပေါ်စီးမှမြင်ရသောနယ်စပ်လမ်းအတိုင်း တောကန္တာရဘက်သို့ သွား၏။