ယောရှု 16:1 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်အမျိုးသားတို့ မဲချ၍ရရှိသောအမွေမြေမှာ ဂျေရိခေါစမ်းရေတွင်းအရှေ့ဘက် ဂျေရိခေါမြို့အနီးရှိ ဂျော်ဒန်မြစ်မှ ကန္တာရတစ်လျှောက်ကိုဖြတ်၍ ဂျေရိခေါမြို့မှ ဗေသလတောင်ပေါ်ဒေသသို့တက်သွား၏။ Common Language Bible ယောသပ်အဆက်အနွယ်တို့အားခွဲဝေပေး သောနယ်မြေ၏တောင်ဘက်နယ်နိမိတ်သည် ယေရိခေါမြို့အနီးယေရိခေါစမ်းရေတွင်း၊ အရှေ့ယော်ဒန်မြစ်မှအစပြု၍တောကန္တာရ ကိုဖြတ်လျက်တောင်ကုန်းဒေသရှိဗေသလ မြို့သို့ရောက်၏။- Garrad Bible ယော သပ် အ နွယ် သား တို့ မဲ ကျ၍ ရ သော နယ် စပ် သည် ယေ ရိ ခေါ မြို့ အ နီး၊ တော ရှိ ယေ ရိ ခေါ ချောင်း အ ရှေ့ ဘက်၊ ယော် ဒန် မြစ် မှ ခင် တန်း ကို ဖြတ် ကျော်၍ ဗေ သ လ ခေါ် လု ဇ မြို့ သို့ ရောက် ပြီး နောက်၊ အ တ ရုတ် မြို့ အ ထိ၊ Judson Bible ယောသပ်အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့အရှေ့၊ ယေရိခေါအိုင်မှထွက်၍ တောလမ်းသို့လိုက်လျက်၊ ဗေသလတောင်တစ်လျှောက်လုံးသွားသဖြင့်၊ |
မနာရှေနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဧဖရိမ်အမျိုး၏ဝေစုဖြစ်ရမည်။
သူတို့၏နယ်နိမိတ်မှာ မြောက်ဘက်ခြမ်းတွင် ဂျော်ဒန်မြစ်မှအစပြု၏။ ထိုမှ နယ်နိမိတ်သည် မြောက်ဘက်ဂျေရိခေါတောင်စောင်းတစ်လျှောက်သို့ တက်သွားပြီး အနောက်ဘက်တောင်ပေါ်ဒေသသို့ဆက်သွားကာ ဗေသဝင်တောကန္တာရတွင် ဆုံး၏။
ပြည်ကို ခုနစ်ပိုင်းပိုင်းရမည်။ ယုဒလူမျိုးသည် တောင်ဘက်နယ်မြေတွင် နေထိုင်ရမည်။ ယောသပ်အမျိုးအနွယ်ကား မြောက်ဘက်နယ်မြေတွင် နေထိုင်ရမည်။
ယောရှုနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည်လည်း စစ်ရှုံးဟန်ပြ၍ တောကန္တာရလမ်းအတိုင်း ပြေးကြလေ၏။
ယောသပ်အမျိုးအနွယ်တို့သည်လည်း ဗေသလမြို့ကို သွားရောက်တိုက်ခိုက်ကြ၏။ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။
ယောသပ်အမျိုးအနွယ်တို့သည် ဗေသလမြို့ကို စူးစမ်းရန် သူလျှိုတို့ကိုစေလွှတ်၏။ ဗေသလမြို့ကို ယခင်က လုဇမြို့ ဟုခေါ်၏။