ဤသူတို့ကား ဣရှမေလ၏သားများဖြစ်ကြ၏။ ဤသူတို့၏အမည်များကို သူတို့၏ရွာများ၊ သူတို့စခန်းချရာအရပ်များအလိုက်ခေါ်တွင်ကြ၏။ သူတို့သည် မိမိတို့မျိုးနွယ်စုများအလိုက် ခေါင်းဆောင်တစ်ဆယ့်နှစ်ပါးဖြစ်ကြ၏။
ယောရှု 15:45 - မြန်မာ့စံမီသမ္မာကျမ်း ဧကြုန်မြို့နှင့် ထိုမြို့ဝန်းကျင်ရှိမြို့ရွာများ၊ Common Language Bible ထို့အပြင်ဧကြုန်မြို့နှင့်ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့်၊ Garrad Bible ကိုး မြို့၊ ဆင် ခြေ ဖုံး နိ ဂုံး ပါ ဧ ကြုန် မြို့၊ ဧ ကြုန် မြို့ မှ စ၍၊ ပင် လယ် တိုင် အောင် ဆင် ခြေ ဖုံး ပါ အာ ဇုတ် မြို့ နယ် တစ် လျှောက် ရှိ အ မြို့ မြို့ Judson Bible ထိုမှတစ်ပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ၊ |
ဤသူတို့ကား ဣရှမေလ၏သားများဖြစ်ကြ၏။ ဤသူတို့၏အမည်များကို သူတို့၏ရွာများ၊ သူတို့စခန်းချရာအရပ်များအလိုက်ခေါ်တွင်ကြ၏။ သူတို့သည် မိမိတို့မျိုးနွယ်စုများအလိုက် ခေါင်းဆောင်တစ်ဆယ့်နှစ်ပါးဖြစ်ကြ၏။
အာဇုတ်မြို့သားများနှင့် အာရှကေလုန်မြို့မှ ရာဇလှံတံစွဲကိုင်သူကို ဖယ်ရှားပစ်မည်။ ကြွင်းကျန်ရစ်သောဖိလိတ္တိလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဧကြုန်မြို့ကို ငါကိုယ်တိုင် ဖျက်ဆီးပစ်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
စင်စစ် ဂါဇမြို့သည် စွန့်ပစ်ခံရလိမ့်မည်။ အာရှကေလုန်မြို့လည်း လူသူကင်းမဲ့လိမ့်မည်။ မွန်းတည့်ချိန်တွင် အာဇုတ်မြို့သားတို့ နှင်ထုတ်ခံရလိမ့်မည်။ ဧကြုန်မြို့လည်း မြေလှန်ဖျက်ဆီး ခံရလိမ့်မည်။
ခါနာန်လူမျိုးတို့နေထိုင်ရာ အီဂျစ်ပြည်အရှေ့ဘက်ရှိဟောရမြစ်မှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ၊ ဖိလိတ္တိဘုရင်ငါးပါးအုပ်ချုပ်သည့် ဂါဇပြည်၊ အာဇုတ်ပြည်၊ အာရှကေလုန်ပြည်၊ ဂိတ္တိပြည်၊ ဧကြုန်ပြည်မှစ၍ အာဝိပြည်အပါအဝင်
တစ်ဖန် နယ်နိမိတ်သည် ဧကြုန်မြောက်ဘက်တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရှိကြုန်အရပ်သို့ကွေ့သွားပြီး ဗာလာတောင်ကိုဖြတ်၍ ယာဗနေလအရပ်သို့ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် ပင်လယ်၌ဆုံးလေ၏။
ကိလမြို့၊ အာခဇိပ်မြို့၊ မရေရှမြို့ စသည့်မြို့ပေါင်းကိုးမြို့နှင့်ရွာများ ပါ၏။
ထို့ကြောင့် ဘုရားသခင်၏သေတ္တာတော်ကို ဧကြုန်မြို့သို့ပို့လိုက်ပြန်၏။ ထိုသို့ ဘုရားသခင်၏သေတ္တာတော်သည် ဧကြုန်မြို့သို့ ရောက်လာသောအခါ ဧကြုန်မြို့သားတို့က “ငါတို့နှင့် ငါတို့လူမျိုးကိုသတ်ဖြတ်ရန် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ငါတို့ထံ ပို့လိုက်လေပြီတကား”ဟု အော်ဟစ်ကြ၏။
ထာဝရဘုရားထံ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဖိလိတ္တိလူမျိုးတို့ ပို့လိုက်သော ရွှေပလိပ်နာဖုအရုပ်များမှာ အာဇုတ်မြို့အတွက် တစ်ခု၊ ဂါဇမြို့အတွက် တစ်ခု၊ အာရှကေလုန်မြို့အတွက် တစ်ခု၊ ဂါသမြို့အတွက် တစ်ခု၊ ဧကြုန်မြို့အတွက် တစ်ခုဖြစ်၏။