ကိရယတ်ယာရိမ်၏မျိုးနွယ်စုများမှာ ဣသရိလူမျိုး၊ ဖုဟိလူမျိုး၊ ရှုမသိလူမျိုး၊ မိရှရိလူမျိုး တို့ဖြစ်ကြ၏။ ထိုမှတစ်ဆင့် ဇောရာသိလူမျိုး၊ ဧရှတောလိလူမျိုးတို့ ဆင်းသက်လာ၏။
ယောရှု 15:33 - မြန်မာ့စံမီသမ္မာကျမ်း မြေနိမ့်ဒေသဘက်တွင် ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှနာမြို့၊ Common Language Bible တောင်ခြေများရှိမြို့များမှာဧရှတောလ မြို့၊ ဇောရာမြို့၊ အာရှနာမြို့၊- Garrad Bible ရှ ဖေ လာ ခ ရိုင် တွင် လည်း ဧ ရှ တော လ၊ ဇော ရာ၊ Judson Bible ချိုင့်၌လည်း ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှနာမြို့၊ |
ကိရယတ်ယာရိမ်၏မျိုးနွယ်စုများမှာ ဣသရိလူမျိုး၊ ဖုဟိလူမျိုး၊ ရှုမသိလူမျိုး၊ မိရှရိလူမျိုး တို့ဖြစ်ကြ၏။ ထိုမှတစ်ဆင့် ဇောရာသိလူမျိုး၊ ဧရှတောလိလူမျိုးတို့ ဆင်းသက်လာ၏။
ဇောရာမြို့၊ အာယလုန်မြို့၊ ဟေဗြုန်မြို့ စသောမြို့တို့ကို တည်ဆောက်ခဲ့၏။ ဤမြို့များသည် ယုဒနယ်၊ ဗင်္ယာမိန်နယ်တို့တွင်ရှိသော ခံတပ်မြို့များဖြစ်၏။
သူတို့သည် ဧရှကောလချိုင့်ဝှမ်းသို့ရောက်သောအခါ ထိုအရပ်မှ စပျစ်သီးအပြွတ်လိုက်ပါသောစပျစ်ခိုင်တစ်ခိုင်ကို အကိုင်းနှင့်တကွခုတ်ယူ၍ သလဲသီး၊ သဖန်းသီးအချို့တို့နှင့်အတူ ထမ်းပိုးဖြင့် လူနှစ်ယောက်ထမ်းလာကြ၏။
လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အဣနမြို့၊ ရိမ္မုန်မြို့ စသည့်မြို့ပေါင်း နှစ်ဆယ့်ကိုးမြို့နှင့်ရွာများ ပါ၏။
သူတို့ရရှိသောအမွေမြေ၏နယ်နိမိတ်သည် ဇောရာမြို့၊ ဧရှတောလမြို့၊ ရှေမက်မြို့၊
ထိုစဉ်က ဒန်မျိုးနွယ်စုမှ မာနော်အမည်ရှိသော ဇောရာမြို့သားတစ်ဦးရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားသမီး မရှိ။
သူသည် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ မဟာနေဒန်အရပ်၌ရှိနေစဉ် ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကို စတင်နှိုးဆော်၏။
ရှံဆုန်၏ညီအစ်ကိုများနှင့် ဆွေမျိုးသားချင်းတို့သည် လာ၍အလောင်းကို သယ်သွားပြီးလျှင် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ သူ့ဖခင်မာနော်၏သင်္ချိုင်းတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ ရှံဆုန်သည် အစ္စရေးလူမျိုးတို့ကို အနှစ်နှစ်ဆယ် စီရင်အုပ်ချုပ်၏။