ယောရှု 14:7 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အစေအပါးမောရှေက အကျွန်ုပ်အား ဤပြည်ကိုစူးစမ်းရန် ကာဒေရှဗာနာအရပ်မှ စေလွှတ်စဉ်က အကျွန်ုပ်အသက် လေးဆယ် ရှိပါ၏။ အကျွန်ုပ် အမှန်အတိုင်း ပြန်လည်လျှောက်တင်ခဲ့ပါ၏။ Common Language Bible ထာဝရဘုရား၏အစေခံမောရှေသည် ကျွန်ုပ်အား ဤပြည်ကိုထောက်လှမ်းရန်ကာဒေရှ ဗာနာအရပ်မှစေလွှတ်စဉ်အခါက အကျွန်ုပ် သည်အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ် သည်ဟုတ်တိုင်းမှန်ရာကိုပြန်ကြားအစီ ရင်ခံခဲ့ပါသည်။- Garrad Bible ဤ ပြည် ကို စူး စမ်း ရန်၊ ကာ ဒေ ရှ ဗာ န မြို့ မှ ဘု ရား သ ခင့် ကျွန် တော် ရင်း မော ရှေ စေ လွှတ် သော အ ခါ၊ ကျွန် တော် အ သက် လေး ဆယ် ရှိ ပါ၏။ ကျွန် တော် နှင့် တ ကွ သွား ရ သော ညီ အစ် ကို တို့ စ ကား အ တွက်၊ ပ ရိ သတ် စိတ် လျော့ လျက် ပင် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် ပါ ကိုယ် ရောက် လိုက် ရှာ သော ကျွန် တော် သည်၊ စိတ် အ ထင် အ မြင် အ တိုင်း မော ရှေ အား ပြန် ကြား သည့် ကာ လ၊ Judson Bible ဤပြည်ကိုစူးစမ်းစေခြင်းငှာ ဘုရားသခင်၏ကျွန် မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ၊ အကျွန်ုပ်သည် အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ၏။ |
ထိုပြည်ကိုကြည့်ရှုရန် သင်တို့၏ဖခင်တို့ကို ကာဒေရှဗာနာအရပ်မှ ငါစေလွှတ်သောအခါ သူတို့သည်လည်း ဤသို့ပြုခဲ့ကြ၏။