ယောသပ်က “ဘုရားသခင်သည် ငါ၏အခက်အခဲပြဿနာအပေါင်းနှင့် ငါ့ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကို ငါမေ့လျော့စေရန်ပြုတော်မူပြီ”ဟု ဆိုလျက် သားဦး၏အမည်ကို မနာရှေ ဟုမှည့်ခေါ်လေ၏။
ယောရှု 14:4 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်၏သားတို့သည် မနာရှေအမျိုးအနွယ်နှင့် ဧဖရိမ်အမျိုးအနွယ်ဟူ၍ အမျိုးအနွယ်နှစ်နွယ်ဖြစ်လာ၏။ လေဝိအမျိုးကို အမွေမြေ မခွဲပေးသော်လည်း သူတို့နေစရာမြို့နှင့် သူတို့ပိုင်ဆိုင်သောတိရစ္ဆာန်များအတွက် စားကျက်မြေများကိုမူ ပေးထား၏။ Garrad Bible ယော သပ် သား မ နာ ရှေ နှင့် ဧ ဖ ရိမ် တို့ သည် နှစ် နွယ် ဖြစ် သ တည်း။ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သည့် အ တိုင်း၊ ဣ သ ရေ လ အ မျိုး သား တို့ သည် နေ ပြည် ကို ဝေ ယူ ကြ ရာ၊ လေ ဝိ အ နွယ် သား တို့ အား နေ ထိုင် ရန် ဝ တ္ထု ကံ မြို့ နှင့် တိ ရ စ္ဆာန် စား ကျက် မှ တစ် ပါး ပိုင် မြေ ကို မ ပေး ကြ ချေ။ Judson Bible ယောသပ်အမျိုးသားတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုး နှစ်မျိုးဖြစ်၍၊ လေဝိသားတို့နေစရာမြို့၊ သူတို့တိရစ္ဆာန်နှင့် ဥစ္စာကိုထားစရာမြို့နယ်မှတစ်ပါး အခြားသောမြေကို မပေး။ |
ယောသပ်က “ဘုရားသခင်သည် ငါ၏အခက်အခဲပြဿနာအပေါင်းနှင့် ငါ့ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကို ငါမေ့လျော့စေရန်ပြုတော်မူပြီ”ဟု ဆိုလျက် သားဦး၏အမည်ကို မနာရှေ ဟုမှည့်ခေါ်လေ၏။
တစ်ဖန် ယောသပ်က “ဘုရားသခင်သည် ငါဖိစီးနှိပ်စက်ခံရသည့်ပြည်၌ ငါ့ကိုပွားများစေတော်မူပြီ”ဟု ဆိုလျက် ဒုတိယသား၏အမည်ကို ဧဖရိမ် ဟုမှည့်ခေါ်လေ၏။
ယောသပ်သည် အီဂျစ်ပြည်၌ သားမနာရှေနှင့်ဧဖရိမ်ကိုရ၏။ ထိုသားတို့ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်က ယောသပ်အတွက်မွေးဖွားပေး၏။
ထို့နောက်တွင် “သခင်၏ဖခင် နာမကျန်းဖြစ်နေ၏”ဟု ယောသပ်ကြားရလျှင် သားနှစ်ယောက်ဖြစ်သော မနာရှေနှင့်ဧဖရိမ်ကို မိမိနှင့်အတူ ဖခင်ထံသို့ ခေါ်ဆောင်သွားလေ၏။
အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
သူတို့နောက်မှ သင်ရသောသားသမီးများကား သင်၏သားသမီးများဖြစ်၏။ ထိုသားသမီးတို့သည် မိမိတို့အမွေကို မိမိအစ်ကိုတို့အမည်ဖြင့် မှတ်ရမည်။
ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားအိမ်တော်သို့လာ၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကျင်းပကြရန် ဟေဇကိမင်းကြီးသည် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပေါင်းတို့ထံ သတင်းပို့၏။ ဧဖရိမ်လူမျိုး၊ မနာရှေလူမျိုးတို့ထံသို့လည်း စာရေးအကြောင်းကြား၏။
မျိုးနွယ်စုအလိုက် ယောသပ်၏အမျိုးအနွယ်များကား မနာရှေနှင့်ဧဖရိမ် တို့ဖြစ်ကြ၏။