ကိုယ်တော်သည် စပျစ်ပင်တစ်ပင်ကို အီဂျစ်ပြည်မှဆောင်ယူခဲ့၍ လူမျိုးခြားတို့ကိုနှင်ထုတ်ပြီးလျှင် ၎င်းကို စိုက်ပျိုးတော်မူ၏။
ယောရှု 13:6 - မြန်မာ့စံမီသမ္မာကျမ်း လက်ဘနွန်ပြည်မှစ၍ မိသရဖောသမိမ်ပြည်တိုင်အောင် တောင်ပေါ်ဒေသတွင်နေထိုင်သောဆီဒုန်လူမျိုးအပေါင်းတို့ကို အစ္စရေးအမျိုးသားတို့ရှေ့မှ ငါနှင်ထုတ်မည်။ ငါမိန့်မှာသည့်အတိုင်း ဤပြည်ကို အစ္စရေးလူမျိုးတို့အား အမွေမြေအဖြစ် သင်ခွဲဝေပေးရမည်။ Common Language Bible သိမ်းယူရန်ကျန်ရှိနေသေးသောနယ်မြေ များတွင် လေဗနုန်တောင်နှင့်မိသရဖောသ မိမ်မြို့စပ်ကြားတောင်ကုန်းဒေသတွင် နေ ထိုင်သောဇိဒုန်အမျိုးသားတို့၏နယ်မြေ အားလုံးလည်းပါဝင်သည်။ ဣသရေလ အမျိုးသားတို့သည်ဤပြည်များကိုသိမ်း ယူရန်ချီတက်လာသည့်အခါ သူတို့အား လုံးကိုငါနှင်ထုတ်မည်။ ငါသည်သင့်အား မိန့်မှာထားသည့်အတိုင်းဣသရေလ အမျိုးသားတို့အတွက်နယ်မြေအားလုံး ကိုခွဲဝေပေးရမည်။- Garrad Bible လေ ဗ နုန် တောင် မှ စ၍ မိ သ ရ ဖော သ မိမ် မြို့ တိုင် အောင်၊ ဇိ ဒုန် လူ မျိုး တို့ ပိုင် ခင် တန်း တစ် နယ် လုံး များ တည်း။ ဆို ခဲ့ သူ အ ပေါင်း တို့ ကို ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ငါ နှင် ထုတ် မည်။ သင် မှာ မူ၊ ငါ့ အ မိန့် အ တိုင်း၊ ဣ သ ရေ လ လူ မျိုး တို့ အား အ ပိုင် ဝေ ပေး လော့။ Judson Bible လေဗနုန်တောင်မှစ၍ မိသရဖောသမိမ်မြို့တိုင်အောင်၊ တောင်ပေါ်၌နေသောသူနှင့် ဇိဒေါနိလူအပေါင်းတို့ကို ဣသရေလအမျိုးသားရှေ့မှ ငါနှင်ထုတ်မည်။ သို့ဖြစ်၍ ငါမှာထားသည်အတိုင်း စာရေးတံပြုလျက် ထိုမြေကို ဣသရေလလူတို့အား အမွေဝေဖန်လော့။ |
ကိုယ်တော်သည် စပျစ်ပင်တစ်ပင်ကို အီဂျစ်ပြည်မှဆောင်ယူခဲ့၍ လူမျိုးခြားတို့ကိုနှင်ထုတ်ပြီးလျှင် ၎င်းကို စိုက်ပျိုးတော်မူ၏။
သင်တို့၏မျိုးနွယ်စုအလိုက် ထိုပြည်ကို မဲချ၍ အမွေခွဲဝေပေးရမည်။ မျိုးနွယ်စုလူဦးရေ များလျှင်များသည့်အလျောက်၊ နည်းလျှင်နည်းသည့်အလျောက် အမွေမြေပေးရမည်။ မိမိအတွက် မဲကျသောနေရာသည် မိမိ၏အမွေဖြစ်ရမည်။ သင်တို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အမွေဆက်ခံကြရမည်။
အားယူ၍ရဲရင့်ခြင်းရှိလော့။ ဤပြည်ကို ဤလူမျိုးတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆိုခဲ့သည့်အတိုင်း ဤပြည်ကို သူတို့အား အမွေခွဲဝေပေးရမည်။
ယောရှုသည် ထိုဘုရင်တို့၏မင်းနေပြည်တော်ရှိသမျှနှင့် ဘုရင်အပေါင်းတို့ကို သိမ်းပိုက်၍ ထာဝရဘုရား၏အစေအပါးမောရှေ မှာကြားထားခဲ့သည့်အတိုင်း တစ်ယောက်မကျန် ဓားဖြင့်ကွပ်မျက်လေ၏။
ထာဝရဘုရားသည် ရန်သူတို့ကို အစ္စရေးစစ်သည်တို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးစစ်သည်တို့သည် ဆီဒုန်မြို့ကြီး၊ မိသရဖောသမိမ်မြို့၊ အရှေ့ဘက်အရပ်ရှိ မိဇပါချိုင့်ဝှမ်းတိုင်အောင် လိုက်လံတိုက်ခိုက်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် လုပ်ကြံလေ၏။
ဤပြည်ကို အစ္စရေးအမျိုးအနွယ်ကိုးနွယ်နှင့် မနာရှေမျိုးနွယ်တစ်ဝက်တို့ကို အမွေခွဲဝေပေးရမည်”ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှ ထပ်၍နှင်ထုတ်ပေးတော့မည်မဟုတ်ကြောင်း ဧကန်သိမှတ်ကြလော့။ သင်တို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ပေါ်၌ သင်တို့ပျက်စီးသွားသည်အထိ ထိုလူမျိုးတို့သည် သင်တို့အဖို့ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့၏ကျောကုန်းပေါ်၌ နှင်တံ၊ မျက်စိထဲ၌ ဆူး ဖြစ်လိမ့်မည်။
ကြည့်ပါ။ ဂျော်ဒန်မြစ်မှစ၍ အနောက်ဘက် မြေထဲပင်လယ်တိုင်အောင် ငါသုတ်သင်ဖယ်ရှားခဲ့သောလူမျိုးအပါအဝင် ကျန်နေသေးသောလူမျိုးတို့၏ပြည်ကို သင်တို့၏အမျိုးအနွယ်များအား အမွေအဖြစ် ငါမဲချခွဲဝေပေးခဲ့ပြီ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှနှင်ထုတ်တော်မူမည်။ သင်တို့၏ရှေ့မှဖယ်ရှားတော်မူမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သင်တို့သည် ထိုလူမျိုးတို့၏ပြည်ကို အပိုင်ရလိမ့်မည်။