ထို့နောက် နှစ်ဦးပိုင်းရောက်သောအခါ ဗင်္ဟာဒဒ်မင်းကြီးသည် ဆီးရီးယားတပ်သားတို့ကိုစုရုံးပြီး အစ္စရေးတပ်နှင့်စစ်တိုက်ရန် အာဖက်မြို့သို့ ချီသွားကြ၏။
ယောရှု 13:4 - မြန်မာ့စံမီသမ္မာကျမ်း တောင်ဘက်ခါနာန်ပြည်တစ်ခုလုံး၊ ဆီဒုန်လူမျိုးတို့ပိုင်သောမာရပြည်မှ အာမောရိပြည်နယ်နိမိတ်အာဖက်ပြည်အထိ၊ Common Language Bible ဇိဒုန်အမျိုးသားတို့ပိုင်နယ်မြေဖြစ်သော မာရာမှ အာဖက်မြို့နှင့်အာမောရိအမျိုး သားတို့၏နယ်နိမိတ်အထိတည်ရှိသော ခါနာန်အမျိုးသားတို့ပိုင်တစ်နယ်လုံး၊- Garrad Bible တောင် မျက် နှာ အာ ဝိ လူ မျိုး တို့ ပိုင် တစ် နယ် လုံး၊ အာ မော ရိ နယ် စပ် အာ ဖက် မြို့ တိုင် အောင်၊ ဇိ ဒုန် လူ မျိုး တို့ ပိုင် ဖြစ် သော မာ ရာ နယ် နှင့်၊ Judson Bible တောင်မျက်နှာမှစ၍ အာမောရိပြည် အာဖက်မြို့တိုင်အောင်၊ ခါနနိပြည်တစ်လျှောက်လုံးနှင့် ဇိဒုန်ပြည်အနားမှာရှိသော မာရာပြည်၊ |
ထို့နောက် နှစ်ဦးပိုင်းရောက်သောအခါ ဗင်္ဟာဒဒ်မင်းကြီးသည် ဆီးရီးယားတပ်သားတို့ကိုစုရုံးပြီး အစ္စရေးတပ်နှင့်စစ်တိုက်ရန် အာဖက်မြို့သို့ ချီသွားကြ၏။
ကျန်စစ်သည်တို့သည် အာဖက်မြို့သို့ ထွက်ပြေးသွားကြ၏။ ထိုကျန်ရှိသောစစ်သည်နှစ်သောင်းခုနစ်ထောင်အပေါ် မြို့ရိုးပြိုကျ၏။ ဗင်္ဟာဒဒ်မင်းကြီးသည်လည်း မြို့တွင်းသို့ပြေးဝင်ပြီး အိမ်ခန်းထဲတွင် ပုန်းနေ၏။
ဘုရားရှင်ထာဝရဘုရားက ဂျေရုဆလင်မြို့အား ဤသို့မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့။ ‘သင့်မွေးရပ်ဇာတိမှာ ခါနာန်ပြည်ဖြစ်၍ သင့်ဖခင်သည် အာမောရိလူမျိုး၊ သင့်မိခင်သည် ဟိတ္တိလူမျိုးဖြစ်၏။
သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်၍ အာမောရိပြည်ကို ပိုင်ဆိုင်ရန်အတွက် သင်တို့အား တောကန္တာရတွင် အနှစ်လေးဆယ်ပို့ဆောင်ပေးခဲ့၏။
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
အရှေ့အနောက်တစ်ခွင်ရှိ ခါနာန်လူမျိုးများ၊ တောင်ပေါ်ဒေသရှိ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ ဟေရမုန်တောင်ခြေ မိဇပါပြည်ရှိ ဟိဝိလူမျိုးများ စသည်တို့ထံသို့လည်းကောင်း သတင်းပို့လေ၏။
အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့ အပါအဝင် မြို့ပေါင်းနှစ်ဆယ့်နှစ်မြို့နှင့် ရွာများ ပါ၏။
ရှမွေလ၏စကားသည် အစ္စရေးတစ်မျိုးလုံးထံသို့ ရောက်ရှိ၏။ ယခုတွင် အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် ချီတက်၍ ဧဗနေဇာမြို့တွင် စခန်းချကြ၏။ ဖိလိတ္တိလူမျိုးတို့ကား အာဖက်မြို့တွင် စခန်းချကြ၏။