‘သူတို့ပိုင်ဆိုင်ရမည့်အမွေကား ငါပင်ဖြစ်၏။ အစ္စရေးလူမျိုးတို့တွင် သူတို့ကို အမွေမပေးရ။ ငါသာလျှင် သူတို့၏အမွေဖြစ်၏။
ယောရှု 13:33 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မခွဲပေး။ သူတို့အား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားရှင်ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။ Common Language Bible မောရှေသည်လေဝိအနွယ်အားနယ်မြေခွဲ ဝေပေးခြင်းမပြုခဲ့ချေ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား အား ပူဇော်သောပူဇော်သကာမှဝေစုကို သူတို့ရမည်ဟုမောရှေမိန့်ကြားခဲ့၏။ Garrad Bible ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် က တိ ထား တော် မူ သည့် အ တိုင်း လေ ဝိ အ နွယ် သား တို့ ပိုင် ဆိုင် ရာ ဖြစ် တော် မူ သော ကြောင့် လေ ဝိ အ နွယ် သား တို့ အ ဖို့ မြေ ပိုင် ကို မော ရှေ မ ပေး ချေ။ Judson Bible လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေဖြစ်တော်မူသတည်း။ |
‘သူတို့ပိုင်ဆိုင်ရမည့်အမွေကား ငါပင်ဖြစ်၏။ အစ္စရေးလူမျိုးတို့တွင် သူတို့ကို အမွေမပေးရ။ ငါသာလျှင် သူတို့၏အမွေဖြစ်၏။
တစ်ဖန် ထာဝရဘုရားက အာရုန်အား “အစ္စရေးအမျိုးသားတို့ပြည်၌ သင်အမွေဆက်ခံရမည်မဟုတ်။ သင့်အတွက် ဝေစုရှိမည်မဟုတ်။ သူတို့တွင် ငါသည် သင့်ဝေစု၊ သင့်အမွေဖြစ်၏။
လေဝိအမျိုးသည် မိမိညီအစ်ကိုတို့နှင့်အတူ အမွေဝေစု မရကြ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်တော်မူ၏။)
မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မပေး။ သူတို့အားထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်သည် သူတို့၏အမွေဖြစ်၏။
ဤရွေ့ကား ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဂျေရိခေါမြို့အရှေ့ဘက် မောဘလွင်ပြင်တွင် မောရှေခွဲဝေပေးခဲ့သောအမွေမြေများဖြစ်၏။
လေဝိအမျိုးသည် သင်တို့နှင့်အတူ အမွေမြေမရ။ ထာဝရဘုရားပေးသောယဇ်ပုရောဟိတ်အရိုက်အရာသည် သူတို့၏အမွေဖြစ်၏။ ဂဒ်၊ ရုဗင်နှင့် မနာရှေအမျိုးတစ်ဝက်တို့သည်လည်း ထာဝရဘုရား၏အစေအပါးမောရှေပေးထားခဲ့သောအမွေမြေကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် ရပြီးဖြစ်၏”ဟု ဆို၏။