အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
ယောရှု 13:13 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အစ္စရေးအမျိုးသားတို့သည် ဂေရှုရိလူမျိုး၊ မာခါသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့ပေ။ ယနေ့တိုင်အောင် ဂေရှုရပြည်သား၊ မာခါပြည်သားတို့သည် အစ္စရေးလူမျိုးတို့နှင့်အတူ နေထိုင်လျက်ရှိကြ၏။ Common Language Bible သို့ရာတွင်ဣသရေလအမျိုးသားတို့ သည်ဂေရှုရိအမျိုးသားနှင့်မာခါအမျိုး သားတို့ကိုနှင်မထုတ်ကြသဖြင့် သူတို့ သည်ယနေ့တိုင်အောင်ဣသရေလနိုင်ငံ တွင်နေထိုင်လျက်ရှိကြသည်။ Garrad Bible ဂေ ရှု ရ၊ မာ ခါ အ မျိုး သား တို့ ကို မူ ကား၊ ဣ သ ရေ လ အ မျိုး သား တို့ မ နှင် ထုတ် ကြ သည့် အ တွက် ယ နေ့ တိုင် အောင် ဣ သ ရေ လ နယ် တွင် နေ ထိုင် သေး၏။ Judson Bible သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ။ ထိုလူမျိုးတို့သည် ယနေ့တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ၏။ |
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။
ဒုတိယသားမှာ ကရမေလမြို့သူ နာဗလ၏မယားဖြစ်ဖူးခဲ့သောအဘိဂဲလနှင့်ရသောခိလပ်၊ တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော်မာခါနှင့်ရသောအဗရှလုံ၊
ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့ထံမှ အကုန်အစင်မနှင်ထုတ်လျှင် သင်တို့ချန်ထားခဲ့သောသူတို့သည် သင်တို့၏မျက်စိ၌ ငြောင့်ကဲ့သို့လည်းကောင်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ သင်တို့နေထိုင်သောပြည်၌ သင်တို့ကို ရန်ပြုကြလိမ့်မည်။
မနာရှေအမျိုး ယာဣရသည် ဂေရှုရိလူမျိုးနှင့်မာခါသိလူမျိုးတို့၏နယ်နိမိတ်တိုင်အောင် အာဂေါဘနယ်မြေတစ်ဝန်းလုံးဖြစ်သော ဗာရှန်ပြည်ကိုသိမ်းယူ၍ မိမိ၏အမည်ဖြင့် ဟာဝုတ်ယာဣရ ဟုယနေ့တိုင်အောင် မှည့်ခေါ်လေ၏။)
ဟေရမုန်တောင်၊ သာလကအရပ်နှင့် ဗာရှန်တစ်ပြည်လုံးမှစ၍ ဂေရှုရိလူမျိုး၊ မာခါသိလူမျိုးတို့၏နယ်နိမိတ်အထိ၊ ဂိလဒ်ပြည်တစ်ဝက်မှစ၍ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏နယ်နိမိတ်အထိ သိမ်းပိုက်နိုင်ခဲ့၏။
ဂိလဒ်ပြည်၊ ဂေရှုရိလူမျိုးနှင့် မာခါသိလူမျိုးတို့၏နယ်မြေ၊ ဟေရမုန်တောင်တစ်တောင်လုံး၊ ဗာရှန်ပြည်တစ်ပြည်လုံးမှစ၍ သာလကမြို့အထိ
အာရှတရုတ်မြို့နှင့် ဧဒြိမြို့၌ စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန်တစ်ဦးဖြစ်သည့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတစ်နိုင်ငံလုံး ဖြစ်၏။ မောရှေသည် ထိုဘုရင်တို့ကို ကွပ်မျက်၍ သူတို့၏ပြည်ကို သိမ်းပိုက်ခဲ့၏။
မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မပေး။ သူတို့အားထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်သည် သူတို့၏အမွေဖြစ်၏။
ထိုသို့နေစဉ်တွင် ဒါဝိဒ်နှင့် သူ့နောက်လိုက်တို့သည် ဂေရှုရိလူမျိုး၊ ဂေရဇိလူမျိုးနှင့် အာမလက်လူမျိုးတို့ ရှေးကတည်းကပင် နေထိုင်ရာဖြစ်သော ရှုရအရပ်တစ်လျှောက် အီဂျစ်ပြည်အထိ ချီတက်တိုက်ခိုက်လေ့ရှိ၏။