ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးနှင့် ဧဒြိအရပ်၊ အာရှတရုတ်မြို့၌စံမြန်းသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့ကို လုပ်ကြံပြီးနောက်
ယောရှု 13:12 - မြန်မာ့စံမီသမ္မာကျမ်း အာရှတရုတ်မြို့နှင့် ဧဒြိမြို့၌ စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန်တစ်ဦးဖြစ်သည့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတစ်နိုင်ငံလုံး ဖြစ်၏။ မောရှေသည် ထိုဘုရင်တို့ကို ကွပ်မျက်၍ သူတို့၏ပြည်ကို သိမ်းပိုက်ခဲ့၏။ Common Language Bible အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့တွင်စိုးစံ ၍ရိဖိမ်အမျိုးသားတို့၏ နောက်ဆုံးအဆက် အနွယ်ဖြစ်သူသြဃမင်း၏ပြည်သည်လည်း ကောင်းပါဝင်သည်။ မောရှေသည်ဤမင်းနှစ် ပါးစလုံးကိုကွပ်မျက်၍သူတို့၏တိုင်း ပြည်များကိုသိမ်းယူခဲ့သည်။- Garrad Bible သာ လ က မြို့ ထိ၊ ဗာ ရှန် တစ် ပြည် လုံး၊ အာ ရှ တ ရုတ် မြို့ နှင့် ဧ ဒြိ မြို့ များ၌ စံ နေ သော ရေ ဖိမ့် အ နွယ် အ နက် ကျန် သေး သူ၊ ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း အုပ် စိုး ခဲ့ သော နိုင် ငံ တစ် ဝှမ်း လုံး များ တည်း။ ထို သူ အ ပေါင်း တို့ ကို မော ရှေ လုပ် ကြံ နှင် ထုတ် ခဲ့ လေ ၏။ Judson Bible အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်းသောသူ၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌မင်းပြုသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတစ်လျှောက်လုံး ပါသတည်း။ ထိုမင်းတို့ကို မောရှေသည် လုပ်ကြံ၍ပယ်ရှားလေ၏။ |
ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးနှင့် ဧဒြိအရပ်၊ အာရှတရုတ်မြို့၌စံမြန်းသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့ကို လုပ်ကြံပြီးနောက်
အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့၌စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန် ဗာရှန်ဘုရင်ဩဃမင်းကြီး ပိုင်နက်ဖြစ်သည့်
သို့သော် အစ္စရေးအမျိုးသားတို့သည် ဂေရှုရိလူမျိုး၊ မာခါသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့ပေ။ ယနေ့တိုင်အောင် ဂေရှုရပြည်သား၊ မာခါပြည်သားတို့သည် အစ္စရေးလူမျိုးတို့နှင့်အတူ နေထိုင်လျက်ရှိကြ၏။
ဂိလဒ်ပြည်တစ်ဝက်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏မင်းနေပြည်တော်မြို့များဖြစ်သည့် အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့ဖြစ်၏။ ဤသည်ကား မျိုးနွယ်စုအလိုက် မနာရှေ၏သား မာခိရ၏သားမြေးတစ်ဝက်တို့ရသောအမွေမြေဖြစ်၏။