အာဗြဟံနှင့်စာရာသည် အသက်အရွယ်ကြီးရင့်လေပြီ။ စာရာသည် အမျိုးသမီးဓမ္မတာကုန်ဆုံးပြီဖြစ်၏။
ယောရှု 13:1 - မြန်မာ့စံမီသမ္မာကျမ်း ယောရှု အသက်ကြီး၍ အိုမင်းလာသောအခါ ထာဝရဘုရားက သူ့အား “သင် အသက်ကြီး၍ အိုမင်းလာပြီ။ သို့သော် သိမ်းပိုက်ရမည့်ပြည် အများအပြားကျန်သေး၏။ Common Language Bible ယောရှုသည်အသက်အရွယ်ကြီးရင့်လာ ပြီဖြစ်သည်။ ထာဝရဘုရားကယောရှု အား``သင်သည်အသက်အရွယ်ကြီးရင့် လာပြီ။ သိမ်းယူရမည့်နယ်မြေများစွာ ကျန်ရှိနေသေးသည်။- Garrad Bible ယော ရှု အို မင်း လှ သော အ ခါ ထာ ဝ ရ ဘု ရား က၊ သင် သည် အို မင်း လှ ပြီ။ ပိုင် ရ မည့် ပြည် ကား များ စွာ ကျန် သေး ၏။ Judson Bible ယောရှုသည် အို၍အသက်ကြီးရင့်သောအခါ၊ ထာဝရဘုရားက၊ သင်သည်အို၍အသက်ကြီးရင့်ပြီ။ သိမ်းယူရမည့်မြေလည်း အများကျန်သေး၏။ |
အာဗြဟံနှင့်စာရာသည် အသက်အရွယ်ကြီးရင့်လေပြီ။ စာရာသည် အမျိုးသမီးဓမ္မတာကုန်ဆုံးပြီဖြစ်၏။
ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍အိုမင်းလာသောအခါ အနွေးထည်များ ဝတ်ပေးသော်လည်း မနွေးနိုင်တော့ပေ။
ထိုမှ နယ်နိမိတ်သည် ဂျော်ဒန်မြစ်တစ်လျှောက်ဆက်သွား၍ ဆားပင်လယ်၌ ဆုံးရမည်။ ဤသည်ကား သင်တို့ပြည်၏နယ်မြေအပိုင်းအခြား ဖြစ်သည်”ဟု မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့သည် ခါနာန်ပြည်သို့ရောက်သောအခါ အမွေအဖြစ် သင်တို့ရရှိမည့် ခါနာန်ပြည်၏နယ်မြေအပိုင်းအခြားကား ဤသို့ဖြစ်ရမည်။
သို့သော် အဲလစ်ဇဘက်သည် အမြုံဖြစ်၍ သူတို့၌သားသမီးမရှိ။ သူတို့နှစ်ဦးစလုံးသည်လည်း အသက်ကြီးရင့်နေကြပြီဖြစ်၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှကူးသွားတော်မူမည်။ ထိုလူမျိုးတို့ကို သင့်ရှေ့မှ ဖျက်ဆီးတော်မူသဖြင့် သင်သည် သူတို့ကိုနှင်ထုတ်လိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယောရှုသည်လည်း သင်တို့ရှေ့မှကူးသွားမည်။
ယခု ကြည့်ရှုလော့။ အစ္စရေးလူမျိုးတို့ တောကန္တာရတွင်လှည့်လည်နေစဉ် ဤအကြောင်းအရာကို မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အချိန်မှစ၍ ယခုချိန်ထိ ထာဝရဘုရားသည် အကျွန်ုပ်ကို လေးဆယ့်ငါးနှစ်ပတ်လုံးအသက်ရှင်စေခဲ့ပါ၏။ ယနေ့မှာ အကျွန်ုပ်အသက် ရှစ်ဆယ့်ငါးနှစ် ရှိပါပြီ။
ထို့ကြောင့် ယောရှုက အစ္စရေးအမျိုးသားတို့အား “ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို သွားရောက်သိမ်းပိုက်ရန် မည်မျှအချိန်ဆွဲနေဦးမည်နည်း။
ထို့နောက်မှ ထာဝရဘုရား၏အစေအပါး နုန်၏သားယောရှုသည် အသက်တစ်ရာ့တစ်ဆယ်တွင် သေဆုံးလေ၏။