အကယ်စင်စစ် တောင်ကြီး၊ တောင်ငယ်များပေါ်မှ ဆူညံသောအသံသည် လှည့်ဖြားခြင်းသာဖြစ်၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။
ယောရှု 11:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် ယောရှုသည် တောင်ပေါ်မြို့ဖြစ်သော ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့တို့နှင့် ယုဒတောင်ပေါ်ဒေသ၊ အစ္စရေးတောင်ပေါ်ဒေသတို့၌ နေထိုင်သောအာနကလူမျိုးတို့ကို ချီတက်တိုက်ခိုက်၍ သူတို့၏မြို့များနှင့် သူတို့ကို အကုန်အစင်ဖျက်ဆီးလေ၏။ Common Language Bible ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။- Garrad Bible ထို ကာ လ ယော ရှု ချီ သွား၍၊ ဟေ ဗြုန်၊ ဒေ ဗိ ရ၊ အာ နပ် မြို့ များ နှင့် ယု ဒ ပြည်၊ ဣ သ ရေ လ ပြည် ခင် တန်း တစ် လျှောက် နေ သော အာ န က လူ မျိုး ကို ပယ် ဖျက်၍၊ မြို့ များ ပါ၊ မြေ လှန် သ ဖြင့်၊ Judson Bible ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနကလူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင်ရှိသမျှတို့မှ ပယ်ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။ |
အကယ်စင်စစ် တောင်ကြီး၊ တောင်ငယ်များပေါ်မှ ဆူညံသောအသံသည် လှည့်ဖြားခြင်းသာဖြစ်၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
သို့သော် သစ်ကတိုးပင်မြင့်သကဲ့သို့မြင့်၍ ဝက်သစ်ချပင်ကဲ့သို့သန်မာသော အာမောရိလူမျိုးတို့ကို အပင်ပေါ်ရှိအသီးများသာမက မြေအောက်ရှိအမြစ်များပါမကျန် ဖျက်ဆီးသကဲ့သို့ သူတို့ရှေ့တွင်ပင် ငါကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းပစ်ခဲ့၏။
ထိုအရပ်၌ ဧရာမလူတို့ကိုလည်း တွေ့ခဲ့ပါ၏။ ထိုဧရာမလူတို့မှ အာနကအမျိုးဆင်းသက်လာ၏။ သူတို့နှင့်ယှဉ်လျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်နှံကောင်ကဲ့သို့မြင်၍ သူတို့သည်လည်း ငါတို့ကို နှံကောင်ကဲ့သို့မြင်မည်”ဟု ဆိုကြ၏။
ငါတို့သည် မည်သည့်အရပ်သို့သွားနေကြသနည်း။ ညီအစ်ကိုတို့က “ထိုပြည်သားတို့သည် အကျွန်ုပ်တို့ထက်ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်ကြ၏။ မြို့များသည်လည်း ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ ထိုမျှမက အာနကအမျိုးတို့ကိုလည်း ထိုနေရာ၌ အကျွန်ုပ်တို့တွေ့မြင်ရပါ၏”ဟု ဆိုလျက် ငါတို့ကို စိတ်ပျက်အားလျော့စေပြီ’ဟု ဆိုကြ၏။
ထိုလူမျိုးတို့သည် အာနကလူမျိုးများကဲ့သို့ အရပ်မြင့်၍ ကိုယ်ခန္ဓာကြီးမားပြီး လူဦးရေများပြား၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို အမ္မုန်အမျိုးသားတို့၏ရှေ့မှောက်မှသုတ်သင်ပယ်ရှင်းတော်မူသဖြင့် အမ္မုန်အမျိုးသားတို့သည် သူတို့ပြည်ကို သိမ်းပိုက်၍ သူတို့နေရာ၌ နေထိုင်ကြ၏။
‘အာနကလူမျိုး၏သားမြေးတို့ရှေ့၌ မည်သူခံရပ်နိုင်မည်နည်း’ဟု သင်ကြားသိထားသော၊ ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်သော အာနကလူမျိုးတို့၏သားမြေးများလည်းရှိ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးအတွက် စစ်တိုက်တော်မူသောကြောင့် ယောရှုသည် ရှင်ဘုရင်တို့နှင့်တကွ သူတို့၏တိုင်းပြည်များကို တစ်ချီတည်းသိမ်းပိုက်အောင်မြင်ခဲ့လေ၏။
ထိုအခါ ငါကြည့်လိုက်ရာ မြင်းဖြူတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူ၌ လေးတစ်လက်ပါ၏။ သူသည် သရဖူတစ်ခုကိုရရှိပြီး အောင်မြင်ခြင်းအပေါ်၌ ဆက်၍အောင်မြင်ရန် ထွက်ခွာသွား၏။
မောရှေ မှာကြားခဲ့သည့်အတိုင်း ကာလက်အား ဟေဗြုန်မြို့ကို ပေး၏။ ကာလက်သည် အာနက၏သားသုံးယောက်ကို နှင်ထုတ်၏။