ယောရှု 11:11 - မြန်မာ့စံမီသမ္မာကျမ်း မြို့သူမြို့သားအားလုံးကိုလည်း ဓားဖြင့်လုပ်ကြံ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိအောင် ဖျက်ဆီး၏။ ထို့နောက် ဟာဇော်မြို့ကို မီးရှို့ပစ်၏။ Common Language Bible သူတို့သည်မြို့သူမြို့သားများကိုတစ် ယောက်မကျန်သတ်ဖြတ်သုတ်သင်၍ မြို့ ကိုမီးရှို့ဖျက်ဆီးကြသည်။ Garrad Bible ထို မြို့၌ ဇီ ဝ သက် ရှိ လူ အ ပေါင်း တို့ ကို တစ် ယောက် မ ကျန်၊ ဓား ဖြင့် လုပ် ကြံ မြေ လှန်၍၊ မြို့ ကို လည်း မီး တိုက် လေ၏။ Judson Bible ထိုမြို့သူမြို့သားအပေါင်းတို့ကို ဓားနှင့်ကွပ်မျက်သဖြင့် တစ်ယောက်ကိုမျှ အသက်ရှင်စေခြင်းငှာမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်းမီးရှို့လေ၏။ |
တိရစ္ဆာန်နှင့် မြို့များမှတိုက်ယူသောပစ္စည်းအားလုံးကိုမူ ငါတို့အဖို့ သိမ်းယူခဲ့ကြ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
သူတို့သည် မြို့ထဲရှိ ယောက်ျားမိန်းမကြီးကြီးငယ်ငယ်တို့နှင့် သိုးနွားမြည်းအားလုံးတို့ကို ဓားဖြင့် သတ်ဖြတ်လေ၏။
ထို့နောက် သူတို့သည် မြို့နှင့်တကွ မြို့ထဲ၌ရှိသမျှတို့ကို မီးရှို့ပစ်၏။ ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်တို့ကိုမူကား ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ထဲသို့ သွင်းလေ၏။