အဆီးရီးယားဘုရင်သည် လာခိရှမြို့မှထွက်သွားကြောင်း ရာဗရှာခကြားသဖြင့် ပြန်သွားရာ ရှင်ဘုရင်သည် လိဗနမြို့အားတိုက်ခိုက်နေသည်ကို တွေ့ရ၏။
ယောရှု 10:29 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် မက္ကဒါမြို့မှ လိဗနမြို့သို့ ချီတက်ပြီး လိဗနမြို့ကို တိုက်ခိုက်ကြ၏။ Common Language Bible ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် မက္ကဒါမြို့မှလိဗနာမြို့သို့ချီတက် တိုက်ခိုက်ကြသည်။- Garrad Bible ယော ရှု သည်၊ ဣ သ ရေ လ တစ် တပ် လုံး နှင့် တ ကွ မ က္က ဒါ မြို့ မှ လိ ဗ န မြို့ သို့ ချီ တက် တိုက် ခိုက် ရာ၊ Judson Bible ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊ |
အဆီးရီးယားဘုရင်သည် လာခိရှမြို့မှထွက်သွားကြောင်း ရာဗရှာခကြားသဖြင့် ပြန်သွားရာ ရှင်ဘုရင်သည် လိဗနမြို့အားတိုက်ခိုက်နေသည်ကို တွေ့ရ၏။
ဤသို့ဖြင့် ယုဒပြည်၏လက်အောက်ခံဖြစ်သောဧဒုံပြည်သည် ယုဒပြည်ကို ယနေ့တိုင်အောင် ပုန်ကန်၏။ တစ်ချိန်တည်းမှာပင် လိဗနပြည်လည်း ယုဒပြည်ကို ပုန်ကန်၏။
ယဟောရံမင်းကြီးသည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်၏လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် သူ့ကို ယနေ့တိုင်အောင် ပုန်ကန်၏။ တစ်ချိန်တည်းမှာပင် သူ၏လက်အောက်ခံဖြစ်သော လိဗနပြည်သည်လည်း သူ့ကိုပုန်ကန်လေ၏။
အဆီးရီးယားဘုရင်သည် လာခိရှမြို့မှထွက်သွားကြောင်း ရာဗရှာခကြားသဖြင့် ပြန်သွားရာ ရှင်ဘုရင်သည် လိဗနမြို့အားတိုက်ခိုက်နေသည်ကို တွေ့ရ၏။
ဇေဒကိသည် အသက်နှစ်ဆယ့်တစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ တစ်ဆယ့်တစ်နှစ်စိုးစံလေ၏။ မယ်တော်ကား လိဗနမြို့သားယေရမိ၏သမီး ဟာမုတလအမည်ရှိ၏။
ထိုနေ့မှာပင် ယောရှုသည် မက္ကဒါမြို့ကို သိမ်းပိုက်ပြီး မြို့သူမြို့သားနှင့် ရှင်ဘုရင်ကို ဓားဖြင့်လုပ်ကြံ၏။ သူတို့ကို တစ်ယောက်မကျန်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ မက္ကဒါဘုရင်ကို ပြုလေ၏။
ထာဝရဘုရားသည် ထိုမြို့နှင့်ဘုရင်ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် သူတို့သည် မြို့သူမြို့သားအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံလေ၏။ အသက်ရှင်ကျန်ရစ်သောသူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ ထိုမြို့၏ဘုရင်ကို ပြုလေ၏။
ဟေဗြုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ လိဗနမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ယဇ်ပုရောဟိတ်အာရုန်၏သားမြေးတို့အား ပေး၏။ (ဟေဗြုန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။)
သူတို့သည် မြို့ထဲရှိ ယောက်ျားမိန်းမကြီးကြီးငယ်ငယ်တို့နှင့် သိုးနွားမြည်းအားလုံးတို့ကို ဓားဖြင့် သတ်ဖြတ်လေ၏။
သင်သည် ဂျေရိခေါမြို့နှင့် ဂျေရိခေါဘုရင်ကိုပြုသကဲ့သို့ အာဣမြို့နှင့်အာဣဘုရင်ကိုပြုရမည်။ ထိုမြို့မှ တိုက်ယူသောပစ္စည်းနှင့်တိရစ္ဆာန်တို့ကိုကား သင်တို့အဖို့ သိမ်းယူခွင့်ရှိ၏။ မြို့အနောက်ဘက်၌ ကင်းပုန်းချထားလော့”ဟု မိန့်တော်မူ၏။
အာဣဘုရင်ကို နေဝင်ချိန်တိုင်အောင် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထား၏။ နေဝင်သောအခါ ယောရှုအမိန့်အတိုင်း လူတို့သည် အလောင်းကို သစ်ပင်မှချ၍ မြို့တံခါးဝတွင်ပစ်ထားပြီးလျှင် အလောင်းပေါ်တွင် ကျောက်ပုံကြီးပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင် ရှိ၏။